မြန်မာနိုင်ငံတွင် အများ ဆုံးစိုက်ပျိုးနေသော မတ်ပဲနှင့် ပဲ စင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေသော်လည်း ပဲတီစိမ်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သို့ ပိုမိုတင်ပို့နိုင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိ သည်။
‘‘ဒီဈေးကွက်က ဈေးပိုရပေ မယ့် သီးနှံမျိုးရိုးဗီဇပါစနစ်တကျ လုပ်ရတယ်။ လူတိုင်းမပို့နိုင်ဘူး’’ ဟု အထက်ပါအသင်းမှ အတွင်း ရေးမှူး ဦးမင်းကိုဦးကပြောသည်။
ဥရောပသမဂ္ဂသို့ ယခင်ဘဏ္ဍာနှစ်က ပဲတီစိမ်း တန်ချိန် ၅,၀၀၀ တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာနှစ် တွင်လည်း ယင်းပမာဏအတိုင်း ၀ယ်ယူရန် ကမ်းလှမ်းထားသည်။ သို့သော် ပြည်တွင်းမှ ပိုမိုရောင်းချလိုသဖြင့် အရည်အသွေးသာမက သီးနှံစတင်စိုက်ပျိုးရန် မျိုးရွေး ချယ်မှုကိုပါ စနစ်တကျ စိုက်ပျိုးရန် စီစဉ်နေသည်။
ဥရောပသမဂ္ဂ နိုင်ငံများ သည် သီးနှံတစ်ခုကို ပြည်ပမှ တင်သွင်းလျှင် အရည်အသွေးသာမက သီးနှံစိုက်ပျိုးမှုစနစ် မြေသြဇာ၊ ပိုးသတ်ဆေးဓာတ် ကျွမ်းကျင်မှု စသည်တို့ကိုပါ စနစ်တကျ စစ် ဆေးပြီးမှ ၀ယ်ယူခွင့်ပြုသည်။
ထို့ကြောင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ ပဲတီစိမ်း ပိုမိုတင် ပို့နိုင်ရန် စီပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုး စုံနှင့် နှမ်းကုန်သည်အသင်းတို့ ပူး ပေါင်းပြီး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပဲဈေးကွက်သည် အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေပြီး ယခုရက်ပိုင်း တိုက် ခတ်ခဲ့သော မုန်တိုင်းကြောင့် စိုက်ပျိုးသီးနှံများပျက်စီးမှုရှိပြီး မြန်မာ ပဲကို ပြန်လည်ဝယ်ယူလာသည်။
‘‘ပဲဈေးကတော့ အိန္ဒိယနိုင်ငံ က ပြန်ဝယ်တော့ ပြည်တွင်းဈေး ပြန်တက်လာတယ်’’ ဟု ဘုရင့် နောင်ကုန်စည်ဒိုင်မှ ပြည်တွင်းပဲ ကုန်သည်တစ်ဦးက ပြောသည်။
ပြည်တွင်း ဈေးကွက်တွင် မတ်ပဲ တစ်တန်လျှင် ၇၂၅,၀၀၀ ကျပ် ဈေးပေါက်ပြီး ပဲစင်းငုံမှာကျပ် ၇၀၅,၀၀၀ ထိ ဈေးတက် လာသည်။ စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံက ၀ယ်ယူမှုရပ်နား ထားခြင်းကြောင့် ပြည်တွင်းပဲဈေး ကွက်တွင် မတ်ပဲ တစ်တန်လျှင် ၆၅၀,၀၀၀ ကျပ်၊ ပဲစင်းငုံ ၆၄၅,၀၀၀ ကျပ်အထိ ကျဆင်းခဲ့သည်။
October 24, 2014
7Day
0 comments:
Post a Comment