Thursday, August 28, 2014

သုံးမြွှာပူး မိခင်အား ထောက်ပံ့ငွေပေးအပ်

ပြည် သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်
ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးသိန်းနှင့်အဖွဲ့ဝင်များသည် သြဂုတ် ၁၄ ရက်က ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်မြို့နယ် မြောက်နဝင်းရွာ သစ်ကျေးရွာအုပ်စု ကံကလေးကျေးရွာ မှ (အဖ)ဦးဇော်ဇော်ထွန်း၊ (အမိ)ဒေါ်စန်းစန်းဝင်းတို့မှ ကောင်းမွန်စွာ သုံးမြွှာပူး သားယောက်ျားလေးများ မွေးဖွားခဲ့ရာ သြဂုတ် ၂၆ ရက် နံနက် ၉ နာရီတွင် ၎င်းတို့၏နေအိမ်၌ ပြည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးသိန်းနှင့်အဖွဲ့ဝင်များက ထောက်ပံ့ငွေကျပ် တစ်သိန်းနှင့် အနှီးပိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...