Thursday, August 14, 2014

ဘယ်လား ညာလား


မကြာသေးမ်ီက မြန်မာနိုင်ငံရန်ကုန်မြို့မှာ ညာဘက်ဦး နှောက်ဖွံ့ဖြိုးမှုကိုအသားပေးလေ့ကျင့်သင်ကြားသည့် ကျောင်းများဖွင့်လာကြသည့်အခါ မြန်မာပြည်မှ ကလေးမိဘတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။ မိဘဆိုသည်မှာ သားသမီးကိုအကောင်းဆုံး တွေချည်းသာဖြစ်စေချင်သည့် အတွက် ကလေးများ၏ဉာဏ်ရည် ဖွံ့ဖြိုးမှုကို လေ့ကျင့်သင်ကြားပေး မည်ဆိုသော ထိုကျောင်းများကို မိဘအတော်များများ စိတ်ဝင်စား နားစွင့်ကြသည်။ အချို့ကျောင်း များက  တစ်နာရီသင်ကြားခ မြန်မာငွေကျပ်ခြောက်သောင်းနီး ပါးဖြစ်သည့်အတွက် ဈေးကြီး သည်ဟုပြောနိုင်သည်။ သို့သော် အချို့မိဘများက သားသမီးပညာ ရေးအတွက် မည်မျှပင်ကုန်ကုန် သုံးစွဲရန်လက်မတွန့်ကြ။ သား သမီးများကို ထိုကျောင်းများသို့ ပို့ကုန်ကြသည်။ အချို့မိဘများ ကတော့ ညာဘက်ဦးနှောက်ပညာ သင်ကြားရေးဆိုသည်ကိုမသိ သေးကြသည့်အတွက် စူးစမ်းလေ့လာနေဆဲဖြစ်သည်။

 တကယ်တမ်းတွင် အမေရိ ကန်နှင့်  အနောက်နိုင်ငံများ၌ ဘယ်ဦးနှောက်၊ ညာဦးနှောက် အခြေပြုသင်ကြားရေးက ၁၉၈၁ ခုနှစ်လောက်ကစတင်ခဲ့တာဖြစ် သည်။ ထိုနှစ်မှာ ဒေါက်တာရော် ဂျာစပယ်ရီဆိုသူက ဦးနှောက်နှင့် ပတ်သက်၍ လေ့လာမှုနည်း ပညာဆိုင်ရာနိုဗယ်ဆုကို ဆွတ်ခူးခဲ့ သည်။ သူက ဦးနှောက်မှာ ဘယ် ညာနှစ်ခန်းခွဲပြီး  သီးခြားလုပ် ဆောင်မှုနှင့် အလုပ်လုပ်ပုံကို သက်သေပြနိုင်ခဲ့၏။ ၁၉၉၀ ပြည့် နှစ်များကိုတော့ ထိုအချိန်က သမ္မတဂျော့ဘုရ်က ဦးနှောက် လေ့လာမှုနှစ်များဟုပင် ကြေညာဖူးသည်။

ထိုနှစ်တွေမှာ ဦးနှောက်နှင့် ပတ်သက်သော သုတေသနအ များအပြားပေါ်ထွက်လာပြီး ဦး နှောက်နှင့်လူ၏လေ့လာပုံဆက် စပ်နေမှုကိုလည်း အတော်များ များဖော်ထုတ်နိုင်ခဲ့ကြသည်။

အဆိုပါတွေ့ရှိချက်များအရကလေးသူငယ်အပါအဝင် လူတွေကို အုပ်စုနှစ်မျိုးခွဲနိုင်သည်ဟု ဒေါက်တာရော်ဂျာစပယ်ရီက ရှင်းပြထားသည်။ ဘယ်ဦးနှောက် နှင့်ညာဦးနှောက်ဖွံ့ဖြိုးသူများဟူ၍ ဖြစ်သည်။

 ‘ဘယ်ဦးနှောက်သမားက အစီအစဉ်လိုက်အတိအကျပုံမှန် လုပ်ရတယ်။ ကျိုးကြောင်းဆက် လုပ်တတ်တယ်။ ညာသမားက တီထွင်ဖန်တီးမှုအားသန်တယ်။ စိတ်ကူးတီထွင်မှုသန်တယ်။ ဘယ်ဦးနှောက်ကလေးတွေက စာတွေ၊ အလုပ်တွေကို ကိုယ့်ဘာ သာလုပ်ရတာကြိုက်တယ်။ ညာ ဦးနှောက်သမားတွေကကျတော့ စာတွေကို ဆရာနဲ့ပုံဖော်ဆွေးနွေး ရတာကိုပိုကြိုက်တယ်။ ကျောင်း စာတွေကိုလုပ်ရတာမကြိုက်ဘူး’

 များသောအားဖြင့် နိုင်ငံ အတော်များများမှ လက်ရှိပညာ ရေးစနစ်နှင့်သင်ကြားပုံများမှာ ဘယ်ဦးနှောက်ကျောင်းသားများ အတွက် အဓိကလိုဖြစ်နေသည်။ စာရေးစာဖတ်ကဲ့သို့အရာတွေမှာ အဓိကထားနေသည့်အတွက် ဦး နှောက်ညာဘက်ဖွံ့ဖြိုးသူကလေး များမှာ ထိုသင်ရိုးညွှန်းတမ်းများ နှင့်သင်ကြားရသည့်အခါ အတော်ပင်ပန်းကြသည်။ သူတို့က သင် ခန်းစာမှာအာရုံစိုက်လို့မရ။ ထို့ ကြောင့် ကလေးများကိုဦးနှောက် ညာဘက်ဖွံ့ဖြိုးသူများဟု ခွဲခြား သိပါက ဦးနှောက်ညာဘက်သမား တို့အတွက် အားသာသည့်နည်း လမ်းများပါသော စာသင်ရိုးများ ဖြင့် စာသင်ရန်ကြိုးပမ်းလာကြ သည်။

ထိုအခါ ဦးနှောက်ညာဘက် ဖွံ့ဖြိုးမှကို အသားပေးသင်ကြား မည့်သင်ခန်းစာများ၊ ကျောင်းများ ကလည်း ကမ္ဘာတစ်ဝန်းပေါ် ပေါက်လာသည်။ ပွင့်လင်းစွာ ပြောရလျှင် ကလေးငယ်များကိုအချိန်ပေးကာ သင်ရသော ဦးနှောက်ညာ ဖွံ့ဖြိုးမှုအသားပေး သင်ခန်းစာများနှင့်စာသင်ရေး အထောက်အကူပစ္စည်းများက ဈေးကြီးသည်။ ဆရာများကို လည်း သီးသန့်လေ့ ကျင့်သင်ကြားရန်လိုသည်။ ထို့ကြောင့် ထိုသင်တန်းကျောင်းများကလည်း ပညာသင်စရိတ်ဈေးကြီးသော ကျောင်းများဖြစ်လာ၏။

‘‘စိတ်တော့ဝင်စားပါတယ်။ ဒါပေမဲ့ တစ်နာရီခြောက်သောင်း ကတော့ များလွန်းအားကြီးတယ်။ သူတို့ကျောင်းက ဆရာတွေရှင်းတာ ကျတော့ ညာရော၊ ဘယ်ရော အလုပ်လုပ်ဖို့ ကလေးအသက် (၇)နှစ်မတိုင်ခင်မှာ လေ့ကျင့်သင် ကြားပေးရမယ်လို့ပြောတယ်’’

   ရန်ကုန်မှ ညာဘက်ဦး နှောက်ဖွံ့ဖြိုးရေးကျောင်းများကို လေ့လာနေသူကလေးမိခင်တစ် ဦးကပြောခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ ယခုမှခေတ်စားလာသော အဆိုပါကျောင်းမျိုးက အမေရိ ကန်၊ ဂျပန်၊ စင်ကာပူနှင့် နိုင်ငံ အတော်များများမှ ကလေးမိဘ တွေအကြားမှာ ရေပန်းစားနေ သည်မှာကြာပြီဖြစ်၏။ ထိုကျောင်းများထဲတွင် ဟီဂုရု (Heguru) ကျောင်းနှင့် ရှီချီဒါကျောင်းများ သည် ဂျပန်နိုင်ငံမှာ ဦးနှောက်ညာ ဖွံ့ဖြိုးရေးပညာနှင့်ပတ်သက်ပြီး အကြီးဆုံးကျောင်းများဖြစ်ပြီး စင်ကာပူနှင့်မလေးရှားနိုင်ငံတွေ တွင်လည်း ကျောင်းခွဲအများအပြား ဖွင့်လှစ်ထားသည်။

ဟီဂရုကျောင်းများတွင် ငါး နှစ်မှခြောက်နှစ်ကလေးများကို ညာဘက်ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်စေ သည့်သင်ခန်းစာများ စတင်သင် ကြားပေးနေကြသည်။

မိဘများ၏ အားပေးထောက်ခံမှုကိုလည်း  ကောင်းစွာရထား သည်။  ဂျပန်နိုင်ငံက ညာဘက် ဦးနှောက်ပညာရေးကျောင်းတစ် ခုဖြစ်သည့်  ရှီချီဒါကျောင်းမှ ပါမောက္ခမာကိုတိုရှီချီဒါက ‘‘ဒီ စနစ်က ကလေးတွေကို စိတ်ကူး ယဉ်တီထွင်ဖန်တီးမှုပိုဖွံ့ဖြိုးလာ အောင် ကူညီပေးတာပါ။ ပူးပေါင်းဆောင်ရွက်မှုနဲ့ မေတ္တာကိုအခြေခံ ထားတဲ့ ပညာရေးစည်းမျဉ်းသစ် ပါ’’ဟု ညာဦးနှောက်ဖွံ့ဖြိုးမှုပညာ ရေးအကြောင်းကို  ရှင်းပြထား သည်။

   သို့သော်လည်း ညာဦးနှောက် ပညာရေးနှင့်ပတ်သက်ပြီး ကောင်းသတင်းတွေချည်းပဲရှိ သည်တော့မဟုတ်။ ခါးခါးသီး သီးဆန့်ကျင်သူများလည်း အများအပြားရှိပါသည်။ အပိုပသာဒတွေဟုလည်း ဆိုသူတွေကဆိုကြ၏။ ပညာရေးကိုစရိတ်အပိုကုန်ကျအောင်လုပ်နေသည်ဟုလည်း ထောက်ပြသူ ကထောက်ပြသည်။ ဝါရှင်တန်ပို့စ်သတင်းစာများမှာ ညာဦးနှောက်ပညာရေးအယူ အဆကို  ထောက်ခံသူများနှင့် ဆန့်ကျင်သူများက အပြန်အလှန်ဆောင်းပါးများရေးပြီး ငြင်းခုံကြသည်။ အမေရိကန်အခြေစိုက် ဂျိန်းစ်မက်ဒေါ်နယ်ဖောင်ဒေးရှင်းပညာရှင်ဒေါက်တာဂျွန်တီဘရူရာဆိုသူက  ဦးနှောက်နှင့် ပညာရေးဆက်စပ်အလုပ်လုပ်ပုံကို လူတွေသေ ချာအတိအကျမသိရှိရသေးပါဟုဆိုသည်။

‘‘မီဒီယာတွေနဲ့ လူတွေက စိတ်ဝင်စားနေကြပေမယ့် လော လောဆယ်မှာ ကျွန်တော်တို့ဦး နှောက်ဖွံ့ဖြိုးမှုနဲ့ အာရုံကြောလုပ် ဆောင်ချက်တွေ၊ နားလည်မှုတွေက ပညာရေးသင်ကြားလေ့ကျင့် ပုံနဲ့ ဆက်စပ်နေတာကို ကျွန်တော်တို့အသေအချာမသိသေးပါဘူး’’

ဘာပဲဖြစ်ဖြစ် မထောက်ခံသူ ရှိသော်လည်း ထောက်ခံသူများပို များနေသည်ကို ကမ္ဘာတစ်ဝန်း ပိုမိုတွင်ကျယ်လာသော ညာဦးနှောက်ပညာရေးကျောင်းများက သက်သေထူနေသည်။  ညာဦး နှောက်ပညာရေး ဆရာများလေ့ ကျင့်ပညာရေးသင်ကျောင်းများ လည်းရှိလာပြီး  ညာဦးနှောက်ပညာရေးအတွက် သင်ခန်းစာများ၊အထောက်အကူပစ္စည်းများ တီထွင်  ရောင်းချသူတွေလည်း စီးပွားဖြစ်လာနေကြပြီ။

မကြာသေးမီက ဒီမိုကရေ စီပြုပြင်ပြောင်းလဲမှုနှင့် ကမ္ဘာကြီး သို့တံခါးဖွင့်ပေးလိုက်သောအခါ မြန်မာနိုင်ငံသို့ ဝင်ရောက်လာ သည့်အရာများတွင် ညာဦးနှောက်ပညာရေးအထူးပြုကျောင်းလည်း ပါဝင်သည်။ ထို့ကြောင့် သမားရိုး ကျ ဘယ်ပညာရေးမှလမ်းခွဲပြီး ကိုယ့်ကလေးကိုနောက်ဆုံးပေါ်ညာဦးနှောက်ပညာရေးနှင့် မိတ်ဆက်ပေးချင်သလား။ မြန်မာပြည်မှာရနေပြီဖြစ်သည်။

 ထို့ကြောင့် မြန်မာပြည်က မိဘများအနေဖြင့် ကလေးပညာ ရေးအတွက် ဘယ်လား၊ ညာလား ဘယ်လမ်းကိုလိုက်မလဲ။ ငွေသာ ရှိဖို့ပဲလိုသည်။ ကိုယ့်ဘာသာစိတ် ကြိုက်ရွေးချယ်ကြပါကုန်။      ။

ထားထားမြင့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...