Saturday, August 23, 2014

ကိုယ်ရတာနဲ့ တန်အောင် ပြန်ပေးသွားမည်ဟု မော်ဒယ်လ် ဆွီတီကိုဆို

အနုပညာဘက်ပိုင်းတွင် မော်ဒယ်လ်တစ်ယောက်အဖြစ်သာ ရပ်တည်
သွားမည်ဖြစ်ပြီး သရုပ်ဆောင်ဘက်ပိုင်းကို ကူးပြောင်းမည့် အစီအစဉ်မရှိဟု
မော်ဒယ်လ်ဆွီတီကိုက စံတော်ချိန်သို့ပြောဆိုသည်။
'ညီမအနေနဲ့ မော်ဒယ်လ်ဘက်ပိုင်းမှာပဲ ပရော်ဖက်ရှင်နယ်လုပ်သွားဖို့ ရှိ
ပါတယ်။ သရုပ်ဆောင်ဘက်ကို ကူးပြောင်းဖို့ လုံးဝမရှိပါဘူး။ ညီမအနေနဲ့
တော့miss ပြိုင်ပွဲတွေမှာ ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ ကိုယ့်ရဲ့ဝါသနာပါ
တဲ့မော်ဒယ်လ်ဘက်မှာ ပရိသတ်လက်ခံတဲ့အထိ အကောင်းဆုံးရပ်တည်သွား
မယ်အောင်မြင်တဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်အောင်လုပ်သွားမှာပါ။ မော်
ဒယ်လ်တစ်ယောက်ဆိုရင် သူ့ရဲ့နေပုံထိုင်ပုံတွေ၊ သွားလာပုံတွေအပြင် ကိုယ်လုပ်
နေတဲ့ အေဂျင်စီနဲ့လည်းသင့်မြတ်အောင်နေရမယ်လို့ ညီမတော့ ထင်ပါတယ်'ဟု
၎င်းက ထပ်မံပြောဆိုသည်။

ယနေ့ခေတ်တွင် အလှမယ်များနှင့်ပတ်သက်၍ ကောလာဟလများမှာ
လည်း နားလည်မှုလွဲနေသည်ဟု သူမအနေဖြင့် ထင်မြင်မိသည်ဖြစ်ပြီး နှစ်ဦးနှစ်
ဖက်ချစ်ခင်စွာ မိမိတို့အေဂျင်စီနှင့်အကောင်းဆုံးသင့်မြတ်စွာနေကြလျှင်
အကောင်းဆုံးဖြစ်နိုင်လိမ့်မည်ဟု ထင်မြင်မိကြောင်း ပြောဆိုသည်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာများ၊ မဂ္ဂဇင်းများ
ရိုက်ကူးလျက်ရှိပြီး မကြာသေးမီက ကျင်းပခဲ့သော Miss Universe ပြိုင်ပွဲတွင်
ယှဉ်ပြိုင်ခဲ့သည်ဖြစ်သည်ဟု သိရသည်။ပြိုင်ပွဲအနေဖြင့်လည်း Miss Myanmar
World ပြိုင်ပွဲကို ယှဉ်ပြိုင်ရန် စဉ်းစားနေသည်ဟု ဆိုသည်။

  မော်ဒယ်လ်လောကတွင် ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ်ရပ်တည်
မည့် ယနေ့ခေတ်မော်ဒယ်လ်လောကမှာ'ညီမတို့ မြန်မာနိုင်ငံမှာဆိုရင်တော့ မော်
ဒယ်လ်တွေက ဈေးကွက်သိပ်မရှိပါဘူး။နိုင်ငံခြားမှာဆိုရင် အချိန်ပိုင်းကိုမော်
ဒယ်လ်တွေမှာက ဈေးကွက်ဆိုတာမျိုးရှိတယ်လေ။ မြန်မာနိုင်ငံ တိုးတက်ပြောင်း
လဲလာရင်တော့ မော်ဒယ်လ်တွေ ဈေးကွက်ပိုရလာမယ်ဆိုရင်တော့ ညီမတို့
ဘက်ကလည်း ကိုယ်ရတဲ့တန်ရာတန်ကြေးနဲ့အတူ ကောင်းမွန်တဲ့အရည်အချင်း
  တွေကို ပြန်ပေးသွားမှာပါလို့ ပြောချင်ပါတယ်'ဟု သူမ၏အမြင်ကို ပြောဆိုခဲ့
သည်။

စံတော်ချိန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...