၂၀၁၄ ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲတွင်အနိုင်ရ ဗိုလ်စွဲပြီး အောင်မြင်မှုရရှိခဲ့သည့် ယူ-၁၉အသင်းကို သြဂုတ်လ၂၈ ရက်တွင် ပြန်လည်စခန်းသွင်းလေ့ ကျင့်သွားမည်ဖြစ်ပြီး သြဂုတ်လ ၃၀ရက်တွင် ထိုင်းနိုင်ငံသို့ သွား ရောက်ကာ ထိုင်း ယူ-၂၃လက် ရွေးစင်အသင်းနှင့်ခြေစမ်းပွဲက စားမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် အာဆီ ယံယူ-၁၉ပြိုင်ပွဲတွင် အသင်း ခြောက်သင်းဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး မြန်မာအပါအ၀င် ထိုင်း၊ အင်ဒိုနီးရှား၊ဂျပန်နှင့် သြ စတေးလျနိုင်ငံများကိုလည်းဖိတ် ခေါ်ထားသည်။ မြန်မာအသင်းမှာ ထိုင်း၊ အင်ဒိုနီးရှားအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက် ရှိသည်။
အဆိုပါပြိုင်ပွဲကို စက်တင် ဘာ ၅ရက်မှ ၁၃ရက်အထိ ကျင်း ပသွားမည်ဖြစ်ပြီး သြစတေးလျ၊ ဂျပန်အစရှိသည့် နိုင်ငံကြီးများပါ ၀င်လာခြင်းကြောင့် အတွေ့အ ကြုံကောင်းများရရှိလာပြီး အာရှ ယူ-၁၉ပြိုင်ပွဲအတွက်အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်းနည်း ပြချုပ်ကဆိုသည်။
7Day Daily

0 comments:
Post a Comment