Friday, August 15, 2014

စဉ်းစားရ ခက်တယ်

အရာအားလုံးထက်ပိုပီး ဂရုစိုက်မှုတွေနဲ့
တန်ဖိုးထားပေးနေတတ်တဲ့ ငါ့ရဲ့အပြုအမူတွေက
နင့်အတွက် စိတ်ညစ်စရာတွေဖြစ်နေခဲ့တယ်ဆိုတာ
ငါ မသိခဲ့ဘူး

နင့်ကို အရမ်းချစ်တဲ့စိတ်တွေကြောင့် 
နင့်အပေါ် နားလည်မှုတွေပေးနိုင်အောင် ကြိုးစားရင်း
ခွင့်လွှတ်နေပေးတတ်တဲ့ ငါ့ရဲ့အပြုအမူတွေက
နင့်အတွက် တန်ဖိုးမဲ့နေတယ်ဆိုတာ ငါမသိခဲ့ဘူး

ငါ့အတွက်ဆိုတဲ့အတွေးတွေထက် 
နင် ပျော်ရွှင်နေရင် ကျေနပ်နေတတ်တဲ့ ငါ့ရဲ့စိတ်တွေ
က တစ်နေ့နေ့ နင် တစ်ခြားသူတစ်ယောက်ကြောင့်
ငါ့ကို လွယ်လွယ် လမ်းခွဲသွားမယ်ဆိုတာ မသိခဲ့ဘူး

တစ်ဘဝလုံးစာအတွက်ရည်ရွှယ်ပီး နင့်အပေါ် 
သစ္စာရှိရှိချစ်နေပေးတတ်တဲ့ သူတစ်ယောက်ကိုမှ
ဘာကြောင့် နင် နာကျင်မှုတွေနဲ့ ထားခဲ့ရက်လဲဆိုတာ
ငါ မသိနိုင်တော့ဘူး ချစ်သူရယ် 

Khin Myo Aye

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...