အပြည်ပြည်ဆိုင်ရာ အ မြန်ချောပို့ လုပ်ငန်းကို သြဂုတ် ၈ ရက်မှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီငါးခုအား လုပ်ကိုင်ခွင့်ပြု လိုက်ပြီး ကုမ္ပဏီသုံးခုမှာ စတင် လုပ်ကိုင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဈေးနှုန်းသက်သာစွာဖြင့် လွတ်လပ်စွာရွေးချယ်သုံးစွဲနိုင်ရန်ပုဂ္ဂလိကကုမ္ပဏီငါးခုကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ပြီး မှတ်ပုံတင်စနစ်ဖြင့် ၀န်ဆောင်မှုပေး သူ (Registered Service Pro−vider) အဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်နိုင်ရန် ၂၀၁၃ ခုနှစ်မှ စတင်၍ တင်ဒါခေါ်ယူထားခြင်းဖြစ်ပြီး ၂၀၁၄သြဂုတ် ၈ ရက်တွင် ကုမ္ပဏီငါးခုနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။
ထိုဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီငါး ခုတွင် Magnate Group Logistic ကုမ္ပဏီလီမိတက်၊ Smart Logi−stics ကုမ္ပဏီလီမိတက်နှင့် Tra−nsmarine Logistics Asia ကုမ္ပဏီတို့က သြဂုတ် ၈ ရက်တွင်စတင်လုပ်ကိုင်ကြပြီး ကျန်ရှိသည့် United Courier Service ကုမ္ပဏီနှင့် Myanmar USU ကုမ္ပဏီလီမိတက်တို့က ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှသာ လုပ်ငန်းစတင်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်သည်။
လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီငါးခုတွင် Magnate Group Logistic နှင့် United Courier Service ကုမ္ပဏီနှစ်ခုမှာ ပြည်တွင်းအမြန်ချောပို့ ၀န်ဆောင်မှုလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီများ ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး စာ တိုက်လုပ်ငန်းတွင် ၀န်ဆောင်မှု ဆယ်မျိုးရှိသည့်အနက် ပြည်တွင်း အမြန်ချောပို့လုပ်ငန်းကို ယခုနှစ် ဇန်န၀ါရီလက ပုဂ္ဂလိကကုမ္ပဏီ လေးခုအား လုပ်ကိုင်ခွင့်ပေးထား ပြီး ထပ်မံ၍ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းကို သြဂုတ် တွင် စတင်လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
Thursday, August 14, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment