Tuesday, August 26, 2014

အာဖရိက အမျိုးသမီးငယ် (၄)ယောက်က လောင်စာဆီအဖြစ် သေးရည်စွမ်းအင်သုံး မီးစက်တီထွင်

အာဖရိက အမျိုးသမီးငယ် (၄) ယောက်က ဓာတ်ဆီလောင်စာအနေနဲ့ သေးရည် (၁) လီတာသာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား (၆) နာရီကြာ ထုတ်လုပ်ပေးတဲ့ မီးစက်ကို တီထွင်ခဲ့ပါတယ်။

အသက် (၁၄)နှစ် ရှိပြီဖြစ်တဲ့ Duro-Aina Adebola ၊ Akindele Abiola ၊ Faleke Oluwatoyin နဲ့ အသက် (၁၅)နှစ်ဖြစ်တဲ့  Bello Eniola  တို့ လေး ယောက်ဟာ အဲ့ဒီမီးစက်ကို Nigeria နိုင်ငံ Lagos က Maker Faire မှာ ပြသခဲ့ကြပါတယ်။

သူတို့လေးယောက် တီထွင်ခဲ့တဲ့ ဒီသေးရည်စွမ်းအင်သုံး မီးစက်က ဘယ်လိုပုံစံနဲ့ လည်ပတ် အလုပ်လုပ်သလဲ ကြည့်ကြရအောင်။

    သေးရည်ကို ဟိုက်ဒရိုဂျင် သပ်သပ်ခွဲခြား ဖယ်ထုတ်ပေးတဲ့ လျှပ်စစ်သံလိုက်ဆဲလ်ထဲကို ထည့်ရပါတယ်။
    ၎င်းဟိုက်ဒရိုဂျင် သန့်စင်စေဖို့ ဂက်စ်စလင်ဒါထဲ ရောက်အောင် တွန်းပို့ပေးတဲ့ ရေစစ်တစ်ခုကို ဖြတ်သွားပါတယ်။
    ၎င်းဂက်စ်စလင်ဒါက ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို စိုစွတ်မှုမရှိ ကင်းအောင် လုပ်ပေးတဲ့ ဘူးရပ်စ်အရည်ထည့်ထားတဲ့ စလင်ဒါတစ်ခုထဲကို ရောက်အောင်ပို့ပေးပါတယ်။
    အဲ့ဒီသန့်စင်ထားတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို မီးစက်ဆီသို့ ဆက်သွယ်ပေးထားပါတယ်။

သူတို့ရဲ့ တီထွင်ဖန်းတီးမှုတွေနဲ့ တခြားသော လက်တွေ့ကျတဲ့ တီထွင်ကြံဆမှုများကို ပြသဖို့ သူတို့ဟာ Lagos ကို လာရောက်ခဲ့ကြတာပါ။ ဒီ Maker Faire မှာ ကိုယ့်စမ်းသပ်တီထွင်မှုတွေကို လာရောက်ပြသကြသူတွေ ထောင်နဲ့ချီ ရှိတယ်လို့ သိရပြီး Maker Faire ဟာ အာဖရိကတိုက်တစ်ခုလုံးမှာလည်း လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်တဲ့။

Source: jewsnews.co.il

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...