Thursday, August 14, 2014

Marilyn Monroe ရဲ့အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကား

ဟောလိဝုဒ်ရဲ့ အထင်ကရကြယ်ပွင့်ဖြစ်ခဲ့သူ Marilyn Monroe ရဲ့အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကား ကို Lifetime network ကနေ ဖန်တီးရိုက်ကူးမယ်လို့ ဆိုပါတယ်။

ယာယီအားဖြင့် Marilyn လို့ အမည်တပ်ထားတဲ့ ဇာတ်ကားဟာ Asylum Entertaintment ကနေပေါ်ထွက်လာတာဖြစ်ပါတယ်။ Asylum Entertainment ဟာ Marilyn ရဲ့ဇာတ်ကြောင်းတွေကိုလည်းဖေါ်ပြတဲ့ တီဗီ စီရီးအတိုတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်လို့ Deadline ကအစီအရင်ခံပါတယ်။

Marilyn ဇာတ်ကားကို The Kennedys စီးရီးတွေရဲ့စာရေးသူ Stephen Kronish က J Randy Taraborrelli ရဲ့ The Secrect Life of Marilyn Monroe ကိုအခြေခံပြီးရေးသားမျာဖြစ်ပါတယ်။

ဒါရိုက်တာက Laurie Collyer ဖြစ်ပြီး executive producer တွေအဖြစ် Jonathan Koch, Steven Michaels, Keri Selig နဲ့ Kronish တို့က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ သရုပ်ဆောင်နေရာတွေကိုတော့ ရွေးချယ်ဖို့ကျန်ရှိနေပါသေးတယ်။

Ref:dnaindia.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...