Thursday, October 16, 2014

နေတိုး၊ အီးယူနှင့် ယူကရိန်းကို ရုရှားဟက်ကာသမားများ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟုဆို



ဝါရှင်တန်၊
ရုရှားဟက်ကာသမားများသည် Microsoft Windows များနှင့် အခြား ဆော့ဝဲလ်များကို ဗိုင်းရပ်စ်တစ်မျိုးဖြင့် တိုက်ခိုက်ခဲ့ ပြီးနောက် ယင်းသို့ တိုက်ခိုက်ခြင်းမှာ နေတိုး၊ အီးယူ၊ ယူကရိန်းနှင့် ကုမ္ပဏီများအသုံးပြုသော ကွန်ပျူတာများမှတစ်ဆင့် သတင်းအ ချက်အလက်များကို ထောက်လှမ်းရန် အတွက်ဖြစ်သည်ဟု ဆိုက် ဘာထောက်လှမ်းရေးအဖွဲ့ Sight Partners ကထုတ်ဖော် ပြောကြား လိုက်သည်။
ISight က ဟက်ကာသမားများသည် မည်သည့်သတင်းအ ချက်အလက်များ ခိုးယူခဲ့သည်ကို မသိရှိခဲ့ဟုဆိုသည်။ သို့သော် သဲ လွန်စများအရ ဟက်ကာသမားများသည် ယူကရိန်းအရေး၊ သံတ မန်ရေးရာ၊ စွမ်းအင်နှင့် ဆက်သွယ်ရေးကဏ္ဍများကို ပစ်မှတ်ထား ခဲ့ကြောင်း သံသယရှိသည်ဟု သိရသည်။ ISight က ငါးနှစ်ကြာ ဆိုက် ဘာသူလျှိုအဖွဲ့သည် ဆက်လက် ရှင်သန် နေဆဲဖြစ်ပြီး ¤င်းတို့၏ှညေိ ႊၽေမာ ႊနော အဖွဲ့ ဆက်လက်လှုပ်ရှား နေသည် ဆိုခြင်း မှာ ဟက်ကာသမားများ အသုံးပြု သော ဆော့ဝဲလ် ကုတ်နံပါတ်များ ကြောင့် သိရှိနိုင်သည်ဟုဆိုသည်။
ISight က ၄င်းတို့တွေ့ရှိချက်ကို Microsoft အား အသိပေး ထားပြီး ကုမ္ပဏီ ဘက်မှ ပြင်ဆင်ချိန်ရရှိခဲ့သည်ဟု ဆိုသည်။ Microsoft ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ကုမ္ပဏီိအနေဖြင့် Windows ဗားရှင်းများကို အလိုအလျောက် update လုပ်နိုင်သော စနစ်ဖြင့် တိုက်ခိုက်မှုများက ကာကွယ်နိုင်ရန် စီစဉ်လျက်ရှိသည် ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။
ISight မှ သုတေသီများက ဟက်ကာသမားများ အသုံးပြု သော ဆော့ဝဲလ် ကုတ်နံပါတ် ဘာသာစကားနှင့် ဆိုက်ဘာတိုက် ခိုက်မှုအတွက် ရွေးချယ်သော ပစ်မှတ်များအရ ဟက်ကာသမား များမှာ ရုရှားများဖြစ်သည်ဟု ယုံကြည်နေ သည်။ ယင်းဖြစ်ရပ်အ တွက် ရုရှားအစိုးရ၊ နေတိုး၊ အီးယူနှင့် ယူကရိန်း အစိုးရဘက်တို့မှ တစ်စုံတစ်ရာ ထင်မြင်ချက်ပေးခြင်း မရှိသေးပေ။
Ref: Reuters
Yangon Times Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...