Wednesday, October 22, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခြေလျင်တိုက်စစ်လေ့ကျင့်ခန်း (တစ်ဖက်တပ်ပါ) အား ကြည့်ရှုအားပေး









တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ယနေ့ နံနက် (၉)နာရီတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် တို့လိုက်ပါ၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြုလုပ်သော ခြေလျင်တိုက်စစ်လေ့ကျင့်ခန်း (တစ်ဖက်တပ်ပါ) အား ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးက လေ့ကျင့်ခန်း၏ဖြစ်စဉ်အကြောင်းအရာ ဖွင့်နှင့် တိုက်စစ်နှုတ်မိန့်အား ရှင်းလင်းတင်ပြသည်။ ထို့နောက်တိုက်စစ်လေ့ကျင့်ခန်းကို လေ့ကျင့်ခန်း အစီအစဉ် အတိုင်း လေ့ကျင့်ဆောက်ရွက်ခြင်းအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင်ပါဝင်သော အရာရှိများအား
တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန် စွမ်းအားရှိရန်လိုအပ်ပြီး စွမ်းအားရှိရန်မှာလည်း စဉ်ဆက်မပြတ် လေ့ကျင့်မှုလိုအပ်ကြောင်း ၊  ယခုကဲ့သို့လေ့ကျင့်ရေးကွင်း
Training Field တို့တွင် လေ့ကျင့်ဆောင်ရွက်မှုများရှိသကဲ့သို့ မိမိတို့တပ်ဌာနချုပ်များတွင်လည်း ပုံမှန်လေ့ကျင့်မှုဖြစ်သော On Job Training မှန်ကန်စွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ၊ ခေါင်းဆောင်သည် မိမိလက်အောက်မှ ယုံကြည်ကိုးစား၍ အားကိုထိုက်သူဖြစ်ရန်လိုအပ်ပြီး
လက်အောက် အနေဖြင့်လည်း   ခေါင်းဆောင်၏ယုံကြည်အားထားရသူ ဖြစ်ရန်လိုကြောင်း ၊
သို့မှသာ အထက်အောက်အပြန်အလှန် လက်တွဲညီ၍ နိုင်ငံတော်နှင့်တပ်မတော်၏ အားကိုအားထားရသော တပ်များဖြစ်လာမည်   ဖြစ်ပါကြောင်း ၊  ခေတ်မီ စစ်လက်နက် ပစ္စည်းများအားထိရောက်စွာအသုံးပြုနိုင်ရန်အတွက် ကျွမ်းကျင်မှုရှိရန်လိုအပ်ပြီး ကျွမ်းကျင်မှု ရှိရန်အတွက် လေ့ကျင့်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ စစ်ဆင်ရေးကို အထောက် အကူ ပြုသည့် ဆက်သွယ်မှုနှင့်အုပ်ချုပ်ထောက်ပံ့မှုစနစ်များ ကောင်းမွန်ရေးကို ထည့်သွင်း စဉ်းစား၍   လေ့ကျင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း  ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...