
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ရန်ကုန်နှင့် နေပြည်တော် မြို့ကြီးများတွင် အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိကျင်းပလျက် ရှိသည့် AFC U19 Championship Myanmar 2014 ပြိုင်ပွဲကြီးတွင် မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းသည် ဆီမီးဖိုင်နယ် အဆင့်အထိ ရောက်ရှိခဲ့ပြီး ထိပ်ဆုံး ၄ သင်းစာရင်း ၀င်အဖြစ် လာမည့် ၂၀၁၅ ခုနှစ် နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား (FIFA U20 World Cup New Zealand 2015) ပြိုင်ပွဲကြီးသို့ တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပြီ ဖြစ် ပါသည်။
ြ မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်း ယခုကဲ့သို့ ကမ္ဘာ့အဆင့် ပြိုင်ပွဲ တစ်ရပ်အား ယှဉ်ပြိုင် ကစားခွင့်ရရှိခြင်းမှာ ကံဖေးမမှု ကြောင့်သာမဟုတ်ဘဲ ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲတိုင်း နောက်ဆုံးစက္ကန့်အထိ တိုက်ပွဲဝင်စိတ် အပြည့်ဖြင့် ကျားကုတ်ကျားခဲ မလျော့သော ဇွဲဖြင့်ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း ကြောင့် သာဖြစ်ကြောင်း ကာတာနှင့် ကစားခဲ့သည့် ဆီမီးဖိုင်နယ် ပွဲစဉ်က သက်သေပြခဲ့ ပါသည်။
မြန်မာ ယူ၁၉ အသင်း ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရရှိခဲ့ခြင်း၊ အာရှအဆင့် နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ရပ်အား အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခြင်း တို့သည် နိုင်ငံ၏ ဂုဏ်သိက္ခာတစ်ရပ်ဖြစ်သည့် အတွက် လက်ရှိအချိန်တွင် မြန်မာ့ဘောလုံးနှင့် မြန်မာ့ ပရိသတ်သည် အာရှနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံ များသို့ပါ ကောင်းသတင်း ပြန့်လွှင့် သိရှိစေပြီ ဖြစ်ပါသည်။ ထိုသို့ သမိုင်းဝင် အောင်မြင်မှုများ အတွက် ၀ိုင်းဝန်း ကူညီပံ့ပိုးပေးခဲ့ကြသည့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ပေး ခဲ့ကြသည့် အောက်ပါ ပရိသတ်များ၊ အဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်
ဂုဏ်ပြုအပ်ပါကြောင်း ....
၁။ ကွင်းအတွင်း စည်းကမ်းတကျ နိုင်ငံချစ်စိတ်၊ ဘောလုံးချစ်စိတ် အပြည့်ဖြင့် အားပေးခဲ့ကြသည့် လေးစားစရာကောင်းသော ပရိသတ်များ။
၂။ ရုပ်မြင်သံကြား၊ ရေဒီယို၊ FM၊ သတင်းစာ၊ ဂျာနယ်၊ အင်တာနက် စသည့် မီဒီယာများမှတစ်ဆင့် စောင့်စားကြည့်ရှု အားပေးခဲ့ကြသည့် ဘောလုံးချစ် ပရိသတ်များ။
၃။ ပရိသတ်များ လုံခြုံစိတ်ချစွာ အားပေးနိုင်ရေး၊ ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အပင်ပန်းခံ ကူညီပံ့ပိုးပေးခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ၀န်ထမ်းများ။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့။
၎။ မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းအတွက် ကစားသမားများ မွေးထုတ်ပေးခဲ့ကြသည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ မြန်မာ ဘောလုံးအကယ်ဒမီများ။
၅။ အာရှယူ၁၉ ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စေတနာဖြင့် ၀ိုင်းဝန်းကူညီပေးခဲ့ကြသည့်
မြန်မာ နေရှင်နယ်လိဂ် (၁)၊ မြန်မာ နေရှင်နယ်လိဂ် (၂) တို့မှ ကလပ်အသင်း ဥက္ကဋ္ဌများ၊ စီအီးအိုများနှင့် တာဝန်ရှိသူများ။
၆။ စေတနာ့ ၀န်ထမ်း လုပ်အားပေး Volunteer လူငယ် ညီအကိုမောင်နှမများ။
၇။ မြန်မာ့ဘောလုံးသတင်းများအား အများပြည်သူသို့ အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသည့် မီဒီယာ အဖွဲ့အစည်းများ။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်
0 comments:
Post a Comment