
မာသာထရီဇာဆိုတာဥရောပတိုက်သူတစ်ဦးဖြစ်ပါတယ် ။ သီလရှင်ဘ၀နဲ့ အိန္ဒိယကိုရောက်လာတော့ ၊ ဆင်းရဲမွဲတေသူတွေ ၊ ငတ်မွတ်ခေါင်းပါးသူတွေ ၊ လူ့လောကရဲ့ အပယ်ခံတွေကိုတွေ့မြင်ခဲ့ရတယ် တချို့ဆိုရင် ဝေဒနာအမျိုးမျိုးနဲ့ သေလုမျောပါးဖြစ်ပြီးလမ်းဘေးမှာလဲနေကြပါတယ် ။ အိန္ဒိယနိုင်ငံကလူများအတွက်တော့ ဒီမြင်ကွင်းတွေဟာ မြင်တွေ့နေကျမို့ ရိုးနေပါပြီ ။
အေးလွန်းတဲ့ ဆောင်းရာသီမျိုးဆိုရင်မနက်မိုးမလင်းခင်မှာ မြူနီစီပယ်ကလမ်းဘေးပလက်ဖောင်းပေါ်
မှာ မာတောင့်နေတဲ့ အလောင်းတွေ လိုက်ကောက်ရတာကာလကတတားမြို့ကြီးတစ်ခုထဲမှာတင် တစ်နေ့တစ်နေ့ တစ်ရာမကရှိမြဲ ဖြစ်တယ်တဲ့လေ ။ဒီတော့ မာသာထရီဇာဟာ သီလရှင်ကျောင်းက အထက်ဆရာကြီး တွေထံထွက်ခွင့်တောင်းပြီး ကျောင်းတာဝန်မှ နုတ်ထွက်ခဲ့ပါတယ် ။
သူမကိုယ်ပိုင် ဂေဟာလေးကို ဖြစ်ကတတ်ဆန်းတည်ထောင်ပြီးလမ်းဘေးဒုက္ခသည်တွေကို
ခေါ်ယူပြုစုခဲ့ပါတယ် ။ သေခါနီးဆဲဆဲမို့ ဘာမှ မတက်နိုင်တာမှန်ပေမဲ့ မသေခင်လေး မှာအတက်နိုင်ဆုံးသက်တောင့်သက်သာလေးနေသွားရအောင် ပြုစုပေးခဲ့ပါတယ် ။
စစ္စတာထရီဇာ ဘ၀ကနေ မာသထရီဇာကြီး ဘ၀ရောက်လာချိန်မှာ ဘုရင်ဂျီ ဘာသာဝင်အားလုံးရဲ့ အခေါင်အချုပ် ပုဒ်ရဟန်းမင်းကြီးအိန္ဒိယနိုင်ငံကိုအလည်အပတ်လာတော့ ကိုယ်ပိုင် လေယာဉ်ပျံကြီးပေါ်မှာ သူမှာထားတဲ့ အထူးစပယ်ရှယ် ကျည်ကာကာဒီးလတ်ကားကြီးကိုယူလာပါတယ် ။
အိန္ဒိယနိုင်ငံကိုရောက်တော့ မာသာထရီဇာကြီးလုပ်ငန်းတွေ ကိုမြင်ပြီးအားရကျေနပ်လို့ သူပြန်တော့
သူ့ ကာဒီးလက်ကားကြီးကိုဆုတော် အဖြစ် ပေးကမ်းခဲ့ပါတယ်။ ကရုဏာရှင် သီလရှင်ကြီးဟာ ဒီကားကို မစီးပဲချက်ချင်းရောင်းလိုက်ပြီးဆေးရုံဆောက်ပါတယ် ။ ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူ အသုံးချခဲ့ပြီးလူတွေအတွက် အသုံးပြုခဲ့ပါတယ် ။
သူမကွယ်လွန်တော့ သူမကိုအိန္ဒိယနိုင်ငံက နိုင်ငံတော် ဈာပနာအဖြစ် သတ်မှတ်ပြီးသမ္မတနှင့်တကွ အစိုးရတစ်ဖွဲ့ လုံးတက်ရောက်ခဲ့ပါတယ် ။သူမလိုလူမျိုးကျွန်တော်တို့ နိုင်ငံမှာလည်းရှိခဲ့တယ် ။
ဘယ်သူတွေလဲဆိုတော့ ….
မင်းကွန်းလူအိုရုံကိုထူထောင်ခဲ့တဲ့ ကျောင်းအစ်မကြီးဒေါ်ဦးဇွန်း ......
မန္တလေးတစ်မြို့လုံးသစ်ပင်တွေ လိုက်စိုက်ခဲ့သူဆိုက်ကားဆရာကြီးဦးငွေ ...... တို့ဖြစ်ပါတယ် ။
ဒေါ်ဦးဇွန်းဟာပိုးကုန်သည် မိဘများရဲ့ တစ်ဦးတည်းသောသမီးပါ ။ မိဘတွေ ကွယ်လွန်တော့
ကိုယ်ပိုင် ပိုးကုန်သည်ကြီးလုပ်ပြီးတင့်တင့်တယ်တယ်နေထိုင်ခဲ့သူ ။ မင်းကွန်းလူအိုရုံကိုကိုယ်ပိုင်
ငွေကြေးနဲ့ တည်ထောင်ပြီးလူအိုလူမင်းများကိုကိုယ်တိုင် ပြုစုစောင့်ရှောက်ခဲ့ပါတယ် ။နောက်တော့ ချမ်းသာကြွယ်ဝသမျှကိုရောင်းချပြီး မန္တလေး ၊ ရန်ကုန် ၊ သထုံ ၊ ပေါင်းတည် စတဲ့ မြို့ကြီး တွေမှာ လူအိုရုံတွေဆောက်လုပ်ခဲ့ပါတယ် ။ ကိုယ်တိုင် သီလရှင်ဝတ်ပြီးလူအိုတွေကို ပြုစုစောင့် ရှောက်သွားခဲ့ပါတယ် ။
သစ်ပင် စိုက်သမားကြီး ဦးငွေဆိုတာလည်း ချမ်းသာကြွယ်ဝတဲ့ သူမဟုတ်ပါဘူး ။ ဆိုက်ကားနင်းပြီး မိမိဝမ်းဆာကို ဖြေရှင်းနေခဲ့သူပါ ။ ပိုက်ဆံမရှိတော့ သူ့မှာရှိတဲ့ အရာနဲ့ အလှူဒါနတွေပြုခဲ့သူ ။ သူ့မှာရှိတဲ့အရာကတော့ စေတနာပေါ့ ။
သူလောကကြီးကိုစေတနာထားပုံကိုဒီလိုဗျ ။ မန္တလေးမှာစစ်မီးတောက် မီးလျှံတွေကြောင့် သစ်ပင်တွေ လောင်ကျွမ်းပျောက်ဆုံးခဲ့ရတယ် ။ ၃ နှစ်မှာတစ်ခါ အပူဒီဂရီ ၁၁၀ ၊ ၁၁၁ ဆိုတာတွေ ဖြစ်လာပြီးအပူလွန်ကဲမှုကြောင့်ကလေးငယ်တွေနဲ့ ၊ သက်ကြီးရွယ်အိုတွေ အချိန်မတိုင်ပဲသေဆုံးကြရတယ်လေ ။
ဒီလိုကပ်ဆိုးကြီးကြောင့် ဦးငွေဟာ မန္တလေးမြို့မှာသစ်ပင်တွေလိုက်စိုက်တာပေါ့ ။ သူသစ်ပင်တွေ
စိုက်ဖို့ ဘယ်သူမှ မတိုက်တွန်းခဲ့ပါဘူး ။ သူ့စေတနာအရင်းခံပြီးသူ့ဘာသာသူလုပ်ဆောင်ခဲ့တာပါ ။
မနက် ၃ နာရီခွဲ ၊ ၄ နာရီလောက်ဆိုရင် ဦးငွေအိပ်ရာထပြီးတော့ လိုအပ်တဲ့ ပစ္စည်းတွေယူပြီး
ရေးလောင်း ၊ ပေါင်းသင် လိုက်လုပ်တော့တာပဲ ။
ဦးငွေကသူစိုက်တဲ့ သစ်ပင်ကိုဒီအတိုင်းကြီးထွားစေတာမဟုတ်ဘူး ။ ခုတ်သင့်တဲံကိုင်းကိုခုတ်ပေးတယ် ။ အပင်ကမလိုတဲ့ ကိုင်းတွေကိုအပင်အောက်မှာထိုင်ခုံတွေရိုက်ပြီး လှူတယ် ။ သူဆင်းဆင်းရဲရဲနဲ့ ဒီလိုအလုပ်တွေကိုလုပ်နေတာတွေ့လို့ တချို့ လူတွေကပိုက်ဆံလာလှူရင် သူက …
“ ဒီပိုက်ဆံတွေကို ကျွန်တော် မစားဘဲသစ်ပင်စိုက်တဲ့နေရာမှာ ပြန်သုံးပါရစေ ၊ ခွင့်ပြုပါ “ လို့
မေတ္တာရပ်ခံပြီး ပျိုးအိုးဝယ်တာမျိုး ၊ရေပုံးဝယ် ၊ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူခဲ့တယ် ။
မာသာထရီဇာ ၊ ကျောင်းအစ်မကြီးဒေါ်ဦးဇွန်း ၊ ဆိုက်ကားသမားကြီးဦးငွေတို့ဟာလူ့လောကအတွက် ကိုယ်စွမ်းဆောင်နိုင်သမျှ အစွမ်းကုန် စွမ်းဆောင်သွားခဲ့သူတွေပဲပေါ့ဗျာ ။လူ့လောကမှာ လစ်ဟာနေတဲ့ ကိစ္စတွေကို မြင်ရတွေ့ရတဲ့ အတွက် ဘယ်သူဖြင့် ကူပါဦး ၊ ဘယ်ဝါဖြင့် ကယ်ပါဦးလုပ်မနေဘဲကိုယ့်ဟာကို “တာဝန်ယူစိတ်” မွေးပြီးကိုယ်နိုင်သလောက် လုပ်ဆောင်သွားခဲ့ ကြတာဖြစ်ပါတယ် ။
မှီငြမ်း ၊ လူထုဒေါ်အမာ “မန္တလေးသူ မန္တလေးသားများ”
ME™
0 comments:
Post a Comment