မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်းပေါ် ရှိ Mobile Mother ဖုန်းဆိုင် နှစ်ဆိုင်တွင် ဇူလိုင် ၂၉ရက် နေ့လယ် ပိုင်းက အော်ရီဒူးဆင်းမ်ကတ်များကို စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ဆိုင်က ဒီနေ့ အော်ရီဒူးဖုန်းဆင်းမ်ကတ် ၂ဝဝဝ ရောင်းချပေးခဲ့တာပါ။ ဆိုင်ကအော်ရီ ဒူးက ရရှိတဲ့ ကျန်ဖုန်းဆင်းမ်ကတ်တွေ ကို နောက်နေ့ ဆက်လက်ရောင်းချ ပေးမှာပါ။ ဟန်းဆက်ဈေးနှုန်း တိုး မြှင့်ဖို့မရှိပါဘူး''ဟု ၄င်းက ဆိုသည်။
Mobile Mother ဖုန်းဆိုင်မှ နေ့လည်က ၁၇ဝဝကျပ်နဲ့ ဝယ်ခဲ့တာ ပါ။ ဝယ်ပြီးပြီးချင်း ဖုန်းထဲတစ်ခါ တည်း သုံးနိုင်တော့ ကောင်းတာပေါ့၊ သက်သက်သာသာ လွယ်လွယ်ကူ ကူနဲ့ ဝယ်ယူရရှိနိုင်တော့ အခြေခံ လူတန်းစားတွေ ဝယ်ယူအသုံးပြုနိုင် တော့မှာပါ''ဟု ဆင်းကဒ်ဝယ်ယူသူ ကိုမြတ်ကိုက ပြောခဲ့သည်။
၂၆လမ်း၊ ၇၉x၈ဝလမ်ကြားရှိ Mobile Mother ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ''ညနေ(၄)နာရီကစတင်၍ ဖုန်းဆင်းကဒ်တစ်ကဒ်ကို (၁၅ဝဝ)ကျပ်နဲ့ ရောင်းချပေးမှပါ၊ (၁၇ဝဝ)ကျပ်နဲ့ ရောင်းချပေးတာက မှတ်ပုံတင် မိတ္တူမပါရှိတဲ့သူတွေကို ကူးပေးရလို့ အဲဈေးနဲ့ ရောင်းတာပါ’’ ဟု ပြောခဲ့သည်။
“၁၅ဝဝ ကျပ်နဲ့ ရောင်းတာဆိုတော့ သုံးပျော်လို့ ဝယ်တာပါ၊ ဖုန်းပြောခကတော့ အော်ရီဒူ အချင်းချင်းကို (၂၅)ကျပ်နဲ့ ဆိုတော့ ကောင်းပါတယ်၊ အခြားဖုန်းကို ပြောချင်ရင် (၃၅)ကျပ် ကျမယ်လို့ ဆိုင်က ပြောပါတယ်၊ ဖုန်းဈေးနှုန်းတွေ မမြင့်တက်စေချင်ပါဘူး၊ အခုလို ရောင်းချပေးတော့ လူတိုင်း ဖုန်းကိုင်နိုင်တော့ ကောင်းပါတယ်၊ အဆင်ပြေတာပေါ့၊ မိသားစုတွေ အဝေးမှရောက်နေရင် အဆက်အသွယ်ရတော့ ကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် လူတိုင်း ဖုန်းကိုင်နိုင်၊ ဖုန်းပြောနိုင်တော့ ကောင်းပါတယ်” ဖုန်းကဒ်ဝယ်ယူသူ ဦးမြင့်ဇော်က ပြောခဲ့သည်။
မန္တလေးမြို့၌ သြဂုတ်လ(၁)ရက်နေ့တွင် အော်ရီဒူး ဆင်းကဒ်များ စတင်ရောင်းချမည် ဟု သတင်းများထွက်ရှိပြီးနောက် ဇူလိုင်(၂၉)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့တွင်းရှိ ဖုန်းဆိုင်အချို့တွင် ဖုန်းဆင်းကဒ် ဝယ်ယူလိုသူများအား ကြိုတင်စာရင်းပေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားမှုများ တွေ့ရှိရသည်။ နေ့လည်ပိုင်းတွင် Mobile Mother ဖုန်းဆိုင်မှ စတင်ရောင်းချပေးခြင်းဖြစ်သည်။
AXE
No comments:
Post a Comment