Thursday, August 14, 2014

ကံမမြို့တွင် မြစ်ကမ်းပါးပြိုခြင်းကြောင့် လူနေအိမ်များရွှေ့ပြောင်းခဲ့ရ

ကံမ သြဂုတ် ၁၃


မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့တွင် မြစ်ကမ်းတစ်လျှောက် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ နွေရာသီရေနည်းသည့်ကာလမှစတင်၍ မြစ်ကမ်းပါးပြိုခြင်းများဖြစ်ပွားခဲ့ရာ ကံမမြို့ အမှတ်(၃)ရပ်ကွက် မဒေးဝရပ်တွင် လူနေအိမ်များနှင့် နီးကပ်လာသဖြင့် နေအိမ်ရှစ်လုံးရွှေ့ပြောင်းခဲ့ရပြီး ယခုမိုးရာသီရေများသည့်ကာလတွင် မြစ်ကမ်းပါးပြိုခြင်းများထပ်မံဖြစ်ပွားခဲ့သဖြင့် လူနေအိမ် ၁၁ လုံး ထပ်မံ၍ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ကျော်ဇေယျဝင်း(Iprd)

No comments:

Post a Comment