မြန်မာနိုင်ငံတွင် ပြည်သူ အမြောက်အများ သေဆုံးခဲ့ရသော ၂၀၀၈ ခုနှစ်
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းတွင် ရာသီဥတု ဖောက်ပြန်မှု၏
ဆိုးကျိုးများကို သိသာစွာ ခံစားခဲ့ကြရသည်။ အထူးသဖြင့် ၂၀၁၀ပြည့်နှစ် နောက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ တွင် ရေကြီး၊ ရေလျှံမှုဒဏ် ကို နှစ်စဉ်ခံစားခဲ့ကြရသည်။
ရေကြီး ရေလျှံမှုများကြောင့် နှစ်စဉ်နေအိမ်များ
ရေနစ်မြုပ်မှု၊ လယ်ယာမြေ ရေနစ်မြုပ်၍ ကောက်ပဲသီးနှံများ ပျက်စီးမှု၊
လူသေဆုံးမှု၊ ရထား လမ်း ကားလမ်းများ ရေကျော်၍ ခေတ္တ လမ်း ပိတ်ထားရမှုများမှာ
နှစ်စဉ် ဖြစ်ပွားလျှက်ရှိသည်။ ရေကြီးမှု ကာကွယ် စောင့်ရှောက်ရေး မူကြမ်းတွေ
ချထား ပြီးပြီပဲ။ မလုပ်လို့ပဲ၊ လုပ်ခိုင်းရင်တော့ ၀ုန်းဝုန်းဒိုင်းဒိုင်း
လုပ်တယ်။ စီမံကိန်းက ရှိပြီးသား၊ စီမံကိန်းကို အကောင်အထည်ဖော်
နိုင်ဖို့ပဲလိုတယ်။ နာဂစ်ပြီးတဲ့ နောက်မှာ အစိုးရ ရေးဆွဲထားတဲ့
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးတဲ့ မူကြမ်းတွေရှိတယ် ဟု မြန်မာနိုင်ငံရာသီဥတု
ပြောင်းလဲမှုစောင့်ကြည့်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာထွန်းလွင် ကဆိုသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊
မကွေးတိုင်းဒေသကြီး အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ တောင်ပိုင်း၊ ကရင်ပြည်နယ်၊
မွန်ပြည်နယ်များတွင် ရေကြီးမည့် အလားအလာများ ရှိနေကြောင်း ဒေါက်တာ
ထွန်းလွင်၏ Facebook စာမျက်နှာတွင် သတင်း ထုတ်ပြန်ထားသည်။ပြည်သူများ
အနေဖြင့် သဘာဝဘေးအန္တရာယ်လျော့ချမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရန်
အသိပညာ ပေးမှုကို ပြုလုပ်ရန် လိုအပ်နေသည်။

No comments:
Post a Comment