Thursday, August 14, 2014

ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ၂၀၁၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းကျန်းမာရေးကော်မတီနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကို ယနေ့ နေ့လည် (၁း၀၀)နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ခင်သက်ဌေး နှင့်အဖွဲ့ဝင်များ ရန်ကုန် အရှေ့ပိုင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ကျန်းမာရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်များမှ ကျန်းမာရေးဦးစီး ဌာနမှူးများ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်မိခင်နှင့်ကလေးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ခင်သက်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး စံပြမိခင်ဆုများ၊ အာဟာရလှုပ်ရှားမှု ထူးချွန်ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ (အပေါ်ပုံ)ဆက်လက်၍ ခရိုင်ကျန်းမာရေးဦးစီး ဌာနမှူး Dr.မခင်နန်းလုံ က ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဆိုင်ရာ စီမံချက်ကို ရှင်းလင်း တင်ပြခဲ့ပြီး တာမွေမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသောဧည့်သည်တော်များက ခင်းကျင်းပြသထားသော ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး၊ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ) တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား သံဓါတ်ဆေးပြား၊ ဗီတာမင် ဘီဝမ်းနှင့် အာဟာရများကို ကျွေးမွေး ထောက်ပံ့ခဲ့ပါသည်။ ထို့နောက် အိုင်အိုဒင်းဆားပါဝင်နှုန်း စစ်ဆေးခြင်းနှင့် သရုပ်ပြခြင်း၊ အာဟာရချက်ပြုတ် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment