ဩဂုတ်(၁၄)ရက်တွင် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များကို အရှေ့ဘက် ကမ်းလွန်သို့ ဦးတည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ “မြောက်ကိုရီးယားဟာ အရှေ့ဘက် ဂျပန် ပင်လယ်ထဲကို တာတိုပစ်ခတ်မှု သုံးကြိမ် ပြုလုပ်ခဲ့ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့် အရာရှိ တစ်ဦးက ဆိုသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် တောင်ကိုရီးယားသို့ ရောက်ရှိနေစဉ် အတောအတွင်း မြောက်ကိုရီးယားကို ရည်စူးပြီး ငြိမ်းချမ်းရေး မိန့်ခွန်းတစ်ရပ် ပြောကြားမည်ဟု ယူဆရသည်။ တောင်ကိုရီးယား ဘာသာရေး အာဏာပိုင် အဖွဲ့အစည်းများက မြောက်ကိုရီးယား ကက်သလစ် ဘုန်းတော်ကြီးများကို ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပွဲသို့ စေလွှတ်ပေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း မြောက်ကိုရီးယားက ငြင်းဆန်ထားသည်။
ထို့အပြင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မည့် အစီအစဉ်အပေါ် မြောက်ကိုရီးယားက ဒေါသတကြီး ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
_Ref: Channelnewsasia

No comments:
Post a Comment