Thursday, August 14, 2014
နိပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ငွေ ကျပ်သိန်း ၁၄၀ ကျော်ဖြင့် ချင်းပြည်နယ်တွင် ဆန်များ လှူဒါန်းမည်
ချင်းပြည်နယ် ကျေးရွာတစ်ခုမှ ကလေးငယ်တစ်ဦး (ဓာတ်ပုံ- ကိုစိုင်း)
ကလေး− ချင်းပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစား သောက်ကုန်ဆန်များကို နိပွန် ဖောင်ဒေးရှင်း၏ထောက်ပံ့ငွေဖြင့် ချင်းအမျိုးသားတပ်ဦးက တာဝန်ယူလှူဒါန်းပေးမည်ဟု ချင်းအမျိုး သားတပ်ဦး၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါရ်ကပြောသည်။
နိပွန်ဖောင်ဒေးရှင်းက ကျပ် ၁၄၈ သိန်းထောက်ပံ့ခဲ့ပြီး အဆို ပါငွေဖြင့် ဆန်အိတ်များဝယ်ကာ လှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာရွှေခါရ်အပါအဝင်ခေါင်းဆောင်များနှင့် ချင်းပြည်နယ် အစိုးရသက်ဆိုင်ရာဝန်ကြီးဌာနတို့ ချင်းပြည်နယ်ဟားခါးမြို့တွင် သြဂုတ်ပထမပတ်က တွေ့ဆုံညှိနှိုင်းခဲ့ပြီးဖြစ် သည်။
‘‘ပထမအဆင့် အနေနဲ့က တော့ တွန်းဇံမြို့နယ်နဲ့ ကန်ပက် လက်မြို့နယ်တွေမှာရှိတဲ့ တိုင်း ရင်းသားပြည်သူတွေအတွက် လှူ ဒါန်းသွားမှာဖြစ်ပါတယ်။ အဲဒီ ကိစ္စကိုလည်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံညှိနှိုင်း ပြီးသွားပါပြီ’’ဟု ဒေါက်တာရွှေခါရ်ကပြောသည်။
နိပွန်ဖောင်ဒေးရှင်းသည် ၂၀၁၃ အတွင်းကလည်း ချင်း ပြည်နယ်တီးတိန်၊ ထန်တလန်၊ မတူပီ၊ ပလက်ဝမြို့နယ်ကျေး လက်ဒေသများသို့ ဆန်အိတ်များလှူဒါန်းခဲ့ပြီး ယခုနှစ်တွင် ကန် ပလက်မြို့နယ်မှ တွန်းဇံမြို့နယ် မှ စတင်လှူဒါန်းရန်ဆောင်ရွက် နေခြင်းဖြစ်သည်။

No comments:
Post a Comment