သင်နဲ့မဆုံတွေ့ခင်မှာ သူ ဖြတ်သန်းခဲ့ဖူးတဲ့
သူ့ရဲ့ အတိတ်ကအရာတွေထက် သင်ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့လက်ရှိအချိန်တွေကို ပိုပီးတန်ဖိုးထားပေးပါ
သူ့အပေါ် ခဏခဏ ဥပေက္ခာပြုသလို အပြုအမူတွေ
မဟုတ်ပဲ သူ့အပေါ် ဂရုစိုက်မှုလေးတွေနဲ့ သူ့ရဲ့
အားနည်းချက်တွေကိုလဲ လက်ခံပေးနိုင်အောင်
ကြိုးစားပါ
သူ့ရဲ့ အပြုအမူတွေအပေါ် အကြိမ်ကြိမ်
စိတ်ဆိုး စိတ်ကောက် နားလည်မှုတွေလွဲသလို
သင့်ရဲ့ အပြုအမူတွေအစား သင်ဖြစ်ချင်တဲ့ ဆန္ဒတွေကို
သူ နားလည်အောင် ပြောပြပေးပါ
သူ စိတ်ညစ်နေတဲ့အချိန် အားငယ်နေတဲ့အချိန်တွေ
မှာ သူ့အပေါ် အားပေးမှုလေးတွေနဲ့အတူ
သူ့ရဲ့ခံစားချက်တွေကို နားလည်မှုလေးတွေပေးရင်း
သူ့ရဲ့ လက်ကိုတွဲထားပေးပါ
သူ့ခံစားချက်တွေကိုလဲ သင့်ဘက်က
ထပ်တူခံစားပေးနိုင်အောင် ကြိုးစားရင်း သူ့အပေါ်
သစ္စာရှိတဲ့ချစ်ခြင်းတွေဖြစ်အောင် သူ့နောက်ကွယ်မှာလဲ
တန်ဖိုးထားပေးပေးပါ
အဲ့လိုအရာလေးတွေနဲ့ သင့်ဘက်က တန်ဖိုးထား
ပေးမယ်ဆိုရင် သင့်အတွက် ဘဝရဲ့လက်တွဲဖော်ကောင်း
တစ်ယောက်ကို သင် ပိုင်ဆိုင်ခွင့် ရနိုင်မှာမို့ပါ
Khin Myo Aye

No comments:
Post a Comment