Thursday, August 14, 2014

CIF တန်ဖိုးသစ်အကြံပြုရန် ပြည်တွင်းကားလုပ်ငန်းရှင်များ စတင်ဆောင်ရွက်


သီလ၀ါဆိပ်ကမ်းတွင် တွေ့ရသည့် မော်တော်ယာဉ်များ (ဓာတ်ပုံ− ကျော်ဇင်သန်း)

ကားတင်သွင်းရာတွင်  ပေးဆောင်နေရသည့် CIF တန်ဖိုး ကိုလာမည့်နှစ်အတွက် အသစ် ရေးဆွဲရန် စီးပွားကူးသန်းဝန်ကြီး ဌာနမှ အကြံပြုချက်တောင်းခံပါ က ပေးနိုင်ရန် ပြည်တွင်းကား လုပ်ငန်းရှင်များ စတင်ဆောင် ရွက်နေပြီဟု မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်း ချရေးလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။

နှစ်တစ်နှစ်အတွက် CIF တန်ဖိုးအသစ်များ အစိုးရ မရေးဆွဲ မီ ကားအသင်းထံသို့ အကြံပြုချက် တောင်းခံလေ့ရှိ၍ CIF နှုန်းထား အသစ်အတွက် လုပ်ငန်းရှင်များ စတင်ရေးဆွဲနေပြီဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက် က ဆိပ်ကမ်းအရောက် CIF တန် ဖိုးအသစ် ပြောင်းလဲမှုကြောင့် ကားဈေးကျဆင်းလာခဲ့ပြီး ယခုနှစ်အတွက် CIF နှုန်းထားအသစ် ပြန်လည်ပြင်ဆင်ပါက လုပ်ငန်း ရှင်များအတွက်ရော ၀ယ်ယူစီး နင်းသူများအတွက်ပါ သက်သာ စေနိုင်မည့် ဆိပ်ကမ်းအရောက် CIF နှုန်းထားများ ရေးဆွဲရန် ကား အသင်းက ရည်ရွယ်ထားသည်။

ဂျပန် လေလံဈေးများ မတည်ငြိမ်ခြင်း၊ ပြည်တွင်း၌ ယာဉ်မှတ်ပုံတင်ခများ လျှော့ချခြင်း၊ FOB ကညနအခွန် ယာဉ်မှတ်ပုံ တင်ခလျှော့ချခြင်းများအပါအ၀င် ယခုနှစ်အတွင်း အစိုးရက ကားနှင့် ပတ်သက်သည့် မူဝါဒအချို့ ပြောင်းလဲထားမှုကြောင့် CIF နှုန်း ထားများ ပြန်လည်ပြင်ဆင်ရေးဆွဲရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

လက်ရှိကျင့်သုံးနေသည့် CIF နှုန်းထားသစ်များမှာ အင်ဂျင် ပါဝါ ၁၀၀၀မှ ၁၅၀၀ ကားများ တင်သွင်းရာတွင် များစွာသက် သာနေပြီး စလစ်ကပ်ကားနှင့် မော်ဒယ်မြင့်ကားများ တင်သွင်း ရာတွင် နှုန်းထား အနည်းငယ် ကြီးမြင့်နေသောကြောင့် ယခုပြင်ဆင်ရေးဆွဲမည့် CIF နှုန်း ထားသစ်တွင် စလစ်ကပ်ကားများ တင်သွင်းရာ၌ ဖြေလျှော့ပေး သင့်ကြောင်း ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစတင်အသက်ဝင်ခဲ့သည့် CIF နှုန်းထားအသစ်ကြောင့် စလစ်ဖြင့်တင်သွင်းသည့် ကားများထက် စလစ်မပါဘဲ တစ်ဦးချင်း တင် သွင်းခွင့်ရသည့် ကားများမှာ ယင်းကာလက ဈေးပိုမိုကျဆင်းလာခဲ့ သည်ဟု ကားတင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

မော်တော်ယာဉ်ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ် ငန်းရှင်များအသင်းက ယခုအစိုးရ ထံသို့ CIF နှုန်းထားသစ်အကြံ ပြုချက်များပေးပို့ခြင်းအပါအ၀င် မြန်မာနိုင်ငံ၏ မော်တော်ကား လောကတွင် လက်ရှိကြုံတွေ့နေ ရသည့် အခက်အခဲများ၊ ပြည် တွင်း၌ ကားများကို အရောင်းပြ ခန်းများတွင်သာ ရောင်းချနေရ ခြင်းထက် ကိုယ်တိုင်ထုတ်လုပ် တပ်ဆင်သည့် အခြေအနေသို့ ရောက်ရှိနိုင်ရန် လုပ်ဆောင်သွား မည့် မူဝါဒအချို့ ချမှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...