နာမည်ကျော် Maleficent ရုပ်ရှင်ကား ပွဲဦး ထွက်ရုံတင်ပြသသည့် အခမ်းအ နားများတွင် ဖက်ရှင်ဝါသနာအိုး များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ သော သရုပ်ဆောင်မင်းသမီး အန်ဂျလီနာဂျိုလီ စီးခဲ့သည့် ဖိနပ် များကို လာမည့် အောက်တိုဘာ လတွင် အိမ်တိုင်ရာရောက် ပေးပို့ မည်ဟု သိရသည်။
အန်ဂျလီနာဂျိုလီ၏ Male-ficent သတင်းစာရှင်းလင်းပွဲ ခရီးစဉ်အတွက် ပြင်သစ်ဒီဇိုင်နာ Christian Louboutin နှင့် ဂျိုလီ တို့ ပူးပေါင်းဖန်တီးထားသော Malangeli အမည်ရ အကန့်အ သတ်နှင့် ထုတ်လုပ်ထားသည့် ဖိနပ်များကို ပါရီ၊ ဟောင်ကောင်၊ လန်ဒန်၊ နယူးယောက်နှင့် ၀က်စ် ဟောလိဝုဒ်မြို့များရှိ Christian Louboutin ဖိနပ်ဆိုင်များ၌ ကြို တင်မှာယူနိုင်ပြီဖြစ်သည်။
အနီရောင်ဖိနပ်ခုံနှင့် လိမ် ကောက်နေသော ဒေါက်ပါရှိ သည့် Malangeli ဖိနပ်တစ်ရန်ကို အမေရိကန်ဒေါ်လာ ၁,၄၀၀ ခန့် ဖြင့် ကြိုတင်မှာယူနိုင်ပြီး အောက် တိုဘာ ၂၀ ရက်တွင် အိမ်အ ရောက်ပို့ပေးမှု စတင်မည်ဖြစ် သည်။
ယင်းဖိနပ်များ ရောင်းချမှုမှ ရရှိသော အကျိုးအမြတ်များ အား လုံးကို မိဘမဲ့ကလေးငယ်များ အား ကူညီထောက်ပံ့နေသည့် ပရဟိတအဖွဲ့ဖြစ်သော SOS Children's Villages သို့ လှူဒါန်း သွားမည်ဖြစ်သည်။
—Ref: New York Daily News

No comments:
Post a Comment