Friday, August 15, 2014

မလေးရှားရဲ့ ပထမဆုံး အမျိုးသမီး MMA ဖိုက်တာ

ငယ်ငယ်ရွယ်ရွယ်၊ ဆွဲဆောင်မှုရှိရှိ၊ ခပ်ချောချော ဒီအမျိုးသမီးက ဘယ်သူလဲ။

သူက မလေးရှားသူ။    အသက်က ၂၈။ နာမည်က  Ann Osman လို့ ဆိုတယ်။
Mixed Martial Arts (MMA) လို့ခေါ်တဲ့ နိုင်ငံတကာ ကိုယ်ခံပညာပေါင်းစုံကို စုစည်းထားတဲ့ ထိုးသတ်နည်းကို ကျွမ်းကျင်သူ။
သူကျွမ်းကျင်တဲ့ MMA အကြောင်း ဒီဘလော့မှာ   ရောသမမွှေတိုက်ပွဲ  http://blog.irrawaddy.org/2012/02/blog-post_9422.html ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ တခြားနိုင်ငံတွေနည်းတူ
မလေးရှားမှာလည်း ဒီရဲ့ဖိုက်တင် အားကစားက အမျိုးသမီးတွေကြားထဲ စိတ်ဝင်စားမှုကင်းမဲ့တယ်လို့ ဆိုတယ်။
ပေါ်ပြူလာမဖြစ်တဲ့ MMA ကို သူက အထူးကျွမ်းကျင်ပြီး လေ့ကျင့် ထိုးသတ်နေသူပါ။

အဆင့်မြင့် MMA ပြိုင်ပွဲတွေမှာ ပါဝင် သတ်ပုတ်ခဲ့တဲ့ ပထမဆုံးသော မူဆလင်အမျိုးသမီးလည်း ဖြစ်ပါတယ်လို့ ဆိုရမယ်။"ချစ်စရာကောင်းတဲ့ ဒီကောင်မလေး" နဲ့ ပတ်သက်ပြီး ဒီဇိုင်းဆရာ ကိုသီဟမောင်မောင်က သူ့ဖေ့စ်ဘုတ်မှာ အခုလို မှတ်ချက်ပေးထားလေရဲ့။
"စင်ကာပူအခြေစိုက် ONE FC MMA ရဲ့ ပထမဆုံး အမျိုးသမီးဖိုက်တာဖြစ်လာသူလေးပါ။ လာမယ့် ၂၉ ရက် သြဂုတ်လ ၂၀၁၄ ဒူဘိုင်းမှာကျင်းပမယ့် ONE FC: REIGN OF CHAMPIONS မှာ ဖိလစ်ပိုင်နိုင်ငံသူ အင်နာဂျူလတန်နဲ့ ထိုးသတ်မှာပါ။ အသက် ၂၈ နှစ်၊ ကိုယ်အလေးချိန် ၁၁၅ ပေါင်ရှိပါတယ်။ သူအဓိကကျွမ်းကျင်တဲ့ ကိုယ်ခံပညာရပ်ကတော့ မွေထိုင်းလို့ဆိုပါတယ်"

 MMA ပရိသတ်အများအပြားနဲ့ စာနယ်ဇင်းသမားတွေအတွက်တော့ သူ့အကြည့်တွေက ဆွဲဆောင်မှုကောင်းလှပါတယ်။ အာရှရဲ့ အထင်ကရအဖြစ်ဆုံး အမျိုးသမီး MMA ဖိုက်တာတွေထဲ ပါဝင်တဲ့ သူက ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတခုကိုလည်း မိတ်ဆွေတယောက်နဲ့အတူ တည်ထောင်ထားပါတယ်။

လှပတဲ့အမျိုးသမီးတယောက်က လက်သီးပြင်း၊ ခြေကန်သွက်၊ နဖူး၊ တံတောင်၊ ဒူးတို့နဲ့ တိုက်ခိုက် သတ်ပုတ်ရာမှာ ကျွမ်းကျင်တဲ့အတွက် မလေးရှားနိုင်ငံကိုကျော်ပြီး တခြားနိုင်ငံတွေကပါ သူ့ကို သိကျွမ်းလာကြတာဖြစ်ပါတယ်။








သူ့ရဲ့ ပထမ စိတ်ဝင်စားမှုက ထိုင်းလက်ဝှေ့ - မွေထိုင်းလို့ ဆိုတယ်။

အားကစားရုံးမှာ ထိုင်းလက်ဝှေ့လေ့ကျင်သူတွေကိုတွေ့ရာကနေ စမ်းသပ် ကစား၊ လေ့ကျင့်ရာကနေ ဆက်စပ်ပြီး MMA လောကထဲ ရောက်လာသူဖြစ်တယ်လို့  အွန်လိုင်းဆောင်းပါးတွေမှာ တွေ့ရပါတယ်။

No comments:

Post a Comment