Thursday, September 18, 2014

ပါကစ္စတန်ပြည်ထဲရေး ၀န်ကြီးဟောင်းကို ဒေါသထွက်နေသော ခရီးသည်များ မောင်းထုတ်


စက်တင်ဘာလ ၁၈ ရက် ၂၀၁၄ ခုနှစ်

ပါကစ္စတန်အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဟောင်း ရာမန် မာလစ် လိုက်ပါစီး နင်းမှု ကို ဒေါသထွက်နေသောခရီးသည်များမှ တားဆီးခဲ့ပုံ ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ထွက်ရှိလာပြီးနောက် ၎င်းကို ပိုမိုလူပြော စရာဖြစ်လာခဲ့ သည်ဟု စက်တင်ဘာလ ၁၇ ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အထူးခရီးသည်ဖြစ်သည့် ၎င်းကို နှစ်နာရီကြာ စောင့်ဆိုင်းခဲ့ရခြင်းနှင့် ပတ်သက်၍ ခရီးသည်ပေါင်း ၂၅၀ ခန့်က ဒေါသထွက်ခဲ့ကြသည်။

စက်တင်ဘာလ ၁၅ ရက်က အွန်လိုင်း ဗီဒီယိုဝန်ဆောင်မှု ၀က်ဘ်ဆိုက် ဒေလီးမိုးရှင်းတွင် တင်ထားခဲ့သော ဖုန်းဖြင့်ရိုက်ကူးထားသည့် ဗီဒီယို အတွင်း မာလစ်အား လေယာဉ်တံခါးပေါက်မှ မောင်းထုတ်ပုံများ ပါဝင်ခဲ့သည်။ ယင်းဗီဒီယိုအား YouTube ပေါ်တွင်လည်း တင်ထား ခဲ့သော်လည်း ပါကစ္စတန်နိုင်ငံတွင် YouTube ကို ပိတ်ပင်ထားသည်။ ထို့နောက် ဗီဒီယိုထဲတွင် ၎င်းနှင့်အတူ လိုက်ပါလာခဲ့သည့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် (PLM-N) ခေါင်းဆောင် ဒေါက်တာ ရာမက်ရှ် ကူမား ဗင်ကွမ်နီအား ထိုင်ခုံမှထစေကာ အိတ်များ သယ်ပြီး လေဆိပ် မှ ပြန်လည်ထွက်သွားရန် ခရီးသည်များမှ အော်ဟစ်ခဲ့ကြပုံများလည်း ပါဝင်ခဲ့သည်။

"ခင်ဗျား စိတ်မပူပါနဲ့"ဟု ဖုန်းကင်မရာနောက်ရှိ လူတစ်ဦးက အော်ဟစ်ခဲ့ပြီး မာလစ်အားစောင့်ဆိုင်းခဲ့ရခြင်း အတွက် မကျေမနပ်ဖြစ်နေသည့် ခရီးသည်များက ၎င်းတို့၏ အချိန်ကို ဖြုန်းတီးနေရသည့်အကြောင်း ပြောဆိုသံများကိုလည်း ဗီဒီယိုထဲတွင် ကြားခဲ့ရသည်။

"ခင်ဗျား တောင်းပန်သင့်တယ်၊ ကိုယ့်ဟာကိုလည်း ရှက်သင့်ပါတယ်၊ ခင်ဗျားက ၀န်ကြီးမဟုတ်တော့ဘူး၊ ၀န်ကြီးဆိုရင်တောင်မှ ကျွန်တော်တို့ ဂရုမစိုက်ဘူး"ဟု ဒေါသထွက်နေသာ ခရီးသည်တစ်ဦးက ပြောကြားခဲ့သည်။

Ref:The Times of India

No comments:

Post a Comment