Tuesday, October 14, 2014

ရိုက်ကူးရေး နားထားပေမယ့် ဇာတ်ရုပ်ကြိုက်လို့ လက်ခံရိုက်မယ့် ယွန်းယွန်း


ကျောင်းတက်နေသဖြင့် ဇာတ်ကားရိုက်ကူးရေး နားထားသော်လည်း ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးမည့် ဇာတ်ကားတွင်မူ ဇာတ်ရုပ် နှစ်သက်သောကြောင့် လက်ခံရိုက်ကူးမည်ဟု ယွန်းယွန်း က ပြောသည်။‘‘အောင်သီရိ ထုတ်လုပ်ရေးက ငယ်ငယ်ကတည်းကလည်း ရိုက်ပေးခဲ့တယ်။ အဲဒါကြောင့် သူတို့လိုအပ်တဲ့အချိန် တခြားလူတွေကို လက်မခံပေမယ့် ဒါရိုက် တာကလည်း ဦးမျိုးမင်း ဖြစ်တယ်၊ ဇာတ်လမ်းလေးကလည်း အဆင်ပြေတဲ့ အတွက် လက်ခံဖြစ်တာပါ’’ ဟု ယွန်းယွန်းက ပြောသည်။

ယင်းဇာတ်ကားကို အောက်တိုဘာ ၁၄ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ပြေတီဦး၊ စိုးမြတ်သူဇာတို့၏ သမီး ဆယ်တန်းကျောင်းသူ နေရာတွင် သရုပ် ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘မောင်နှမ သုံးယောက်ထဲမှာ သမီးကြီးနေရာက သရုပ်ဆောင်ရမယ်။ မိဘတွေ ကွဲသွားတဲ့ အခါ ပြန်အဆင်ပြေအောင် လုပ်ပေးရတဲ့ ကာရိုက်တာလေးပါ’’ ဟု ယွန်းယွန်း က ပြောသည်။

လက်ရှိအချိန်တွင် ခေါင်းဆောင်အနေဖြင့် ကမ်းလှမ်းမှုများ ရှိသော်လည်း ယခင်ရိုက်နေကျ ကာရိုက်တာ များဖြစ်သောကြောင့် လက်မခံဖြစ်ဘဲ ယခုရိုက် ကူးမည့် ကားများမှာ လက်ရှိအသက်အရွယ်နှင့် လိုက်ဖက်မှု ရှိပြီး ဇာတ်ကောင် စရိုက်လည်း ထူးခြားသောကြောင့် အမှတ်တရအနေဖြင့် ရိုက်ကူးခြင်းဖြစ် ကြောင်း ယွန်းယွန်း က ပြောသည်။

အနုပညာလှုပ်ရှားမှု အနေဖြင့် ဗီဒိယိုဇာတ်ကားများ ထပ်မံရိုက်ကူးရန် လက်ခံ ထားခြင်းမရှိဘဲ ကြော်ငြာများ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ၎င်းကဆိုသည်။

7Day Daily

No comments:

Post a Comment