
ြ မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ပြုလုပ်မည့် အာဆီယံထိပ်သီးအ စည်းအဝေးမတိုင်မီ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း နေပြည်တော်ရဲ တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
နေပြည်တော် ရဲတပ်ဖွဲ့ဌာန ချုပ်မှ အဆင့်မြင့်အရာရှိက ''အ ကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့မယ်ဆိုတာ ဟုတ်ပါတယ်။ ပြည် ထဲရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုတွေ နဲ့ လုပ်ဆောင်နေပါတယ်။ ဒီအဖွဲ့ အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး နဲ့ ပတ်သက်တဲ့ သတင်းတွေမှန်သ မျှကို စုံစမ်းထောက်လှမ်းပြီး ကာ ကွယ်မှုတွေ လုပ်ဆောင်မှာပါ။ နိုင် ငံတကာ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင် ရွက်မှုတွေလုပ်ဆောင်မယ်။ နောက် ဆိုရင် လုပ်ဆောင်မှုတွေကိုလဲ ပြည် သူတွေကို အသိပေးသွားမှာပါ''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။
အဆိုပါအဖွဲ့ကို ဓာတုတိုက်ခိုက် မှုများ၊ အကြမ်းဖက်မှုတိုက်ခိုက်ရေး အတွက် ငွေကြေးလွှဲပြောင်းပေးခြင်း နှင့် နယ်စပ်လုံခြုံရေး စသည့် ကိစ္စ ရပ်များအပါအဝင် လုပ်ငန်းကော်မ တီကိုးခုဖြင့် ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း CNA သတင်းတွင် ဖော် ပြထားသည်။
''အယ်ခိုင်ဒါအဖွဲ့ဝင်တွေ၊ အ ကြမ်းဖက်အဖွဲ့ဝင်တွေ နိုင်ငံတွင်း ထိုးဖောက်ဝင်ရောက်လာမှာကို ကျွန်တော်တို့အနေနဲ့ စိုးရိမ်တယ်။နောက်ထပ် ပြဿ နာတစ်ရပ်ကတော့ ISIS ပါပဲ'' ဟု အဆိုပါသတင်း၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲ မှူးချုပ်စိုးမြိုင်က ပြောသည်။
''အိုင်အက်စ်အဖွဲ့ဟာ ကမ္ဘာအ နှံ့ လူသစ်စုဆောင်းမှုတွေ ပြုလုပ် နေတယ်။ အဲဒီလိုရှာဖွေစုဆောင်း တဲ့အထဲမှာ ကျွန်တော်တို့နိုင်ငံကနေ ဘယ်လောက် အဲဒီကိုရောက်သွားပြီး ဘယ်လောက်ပြန်ဝင်လာတယ်ဆို တာ သိဖို့လိုအပ်ပါတယ်''ဟု ယင်းက ထပ်လောင်းပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အကြမ်း ဖက်အဖွဲ့များနှင့် ဆက်သွယ်သည်ဟု သံသယရှိသည့်အတွက် Rohingya Solidarity Organisation (RSO) အဖွဲ့မှဟုဆိုသည့် သုံးဦးအား ဖမ်း ဆီးထားကြောင်းသိရသည်။
''တချို့အဖွဲ့အစည်းတွေက အယ်ခိုင်ဒါတို့၊ အိုင်အက်စ်အဖွဲ့ တို့လို နိုင်ငံတကာအဖွဲ့တွေနဲ့ ငွေရေး ကြေးရေးအပိုင်း၊ သင်တန်းပေးမှုအ ပိုင်းတွေမှာ အချိတ်အဆက်ရှိနိုင်တယ် လို့ ခန့်မှန်းတယ်။ သက်သေပြဖို့တော့ လိုတယ်''ဟု ရဲမှူးချုပ်စိုးမြိုင်က ပြော ကြားခဲ့ကြောင်းလည်း CNA သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေကို ယခု နှစ်ဇွန်လ အတွင်း ပြဋ္ဌာန်းခဲ့ပြီး အ ကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင် သည်ဟု သံသယရှိသည့် အတွက် ဖမ်းဆီးထားသူ ၃၆ဦးရှိကြောင်း သိရသည်။
ကျော်မြတ်ဇံ/ ဟေမာန်
Democracytoday
No comments:
Post a Comment