မိန်းကလေးတို့၏ အလှတန်ဖိုး

မိန်းကလေးတို့၏ အလှဟ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။
တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။ သူမှာ သိပ်လှတဲ့ မြေးမလေး တစ်ယောက်လည်းရှိတယ်။ အဘိုးအိုပာာ မျက်လှည့်ပညာသိပ်ကျွမ်းတယ်။ အဲဒီပညာနဲ့ပဲ အသက်မွေးခဲ့ တယ်။မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။
တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ
ငွေစက္ကူဖြစ်တာတွေ ကြိုးကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့
ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က
စွန့်ကြဲတဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။
"မျက်လှည့်ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါဘူး။
မျက်လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိလို့သာ အထူးအဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာရဲ့လျှို့ဝှက်ချက်တွေကို ပြောပြမယ်"
ပရိသတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။ကြိုးကနေ
ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ
အားလုံးပြောပြသတဲ့။ ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-
"သြော် ဒီလိုလုပ်တာလား။ ဒါလေးများ။" ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။
နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။ပရိသတ် တစ်ယောက်မှ
မလာတော့ချေ။ ထိုနောက် အဘိုးအိုက-
"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။" "အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"
"အေး။ပာုတ်တယ်မြေးလေး။ အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက်လည်းပြလိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။လှ်ျို့ဝှက်ချက် ဖြစ် တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။လျှို့ဝှက်ထားရမယ်။ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။
ဒါ့ကြောင့် အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ပါ။" အဘိုးအိုပာာ
သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။ သူငယ်ချင်းတို့လည်း
အဘိုးအိုစကားကို နားလည်နိုင်ပါစေ။
ြ ပြည်ငြိမ်း
Credit to ပျိုမေတို့ကမ္ဘာ
No comments:
Post a Comment