ပျားရည်နှင့် သံပုရာသီးတို့ကို ရေနွေးနှင့်အတူ စိမ်ထားပြီး ၄င်းရေကို သောက်သုံးပါက တစ်နေ့လုံး လန်းဆန်းစေပြီး အမောပြေစေနိုင်ပါတယ်။
သံပုရာသီးမှာပါဝင်တဲ့ အက်စစ်ဓါတ်ကြောင့် ခေါင်းမူးခေါင်းကိုက်များကိုလည်း
ပျောက်စေပါတယ်။ အခွံမှာပါဝင်တဲ့ အခါးဓါတ်နဲ့ ပျားရည်တို့ကြောင့် ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင်ပါသည်။
သွေးတိုးရောဂါကိုလည်း လျှော့ချပေးပါတယ်။
အဆိပ်အတောက်များကိုလည်း ပြေပျောက်စေသည့်အတွက် သွေး၊လေ၊၀မ်းမှန်စေပြီး အသားအရကိုလည်း စိုပြေ၀င်းပလာစေပါတယ်။
ပျားသံပုရာရေနွေးလုပ်နည်း
၁။ သံပုရာသီးကို အလုံးလိုက် ဆားနဲ့ပွတ်ပြီး ရေဆေးလိုက်ပါ။
၂။ သံပုရာသီးတစ်လုံးကို ၄ ကွင်းရအောင် ပုံထဲကအတိုင်း လှီးလိုက်ပါ။
၃။ ရေနွေးခွက်တစ်ခုထဲသို့ ထည့်ပါ။
၎။ ပျားရည် လက်ဖက်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။
၅။ ရေနွေးလောင်းထည့်၍ အဖုံး အုပ်ထားပါ။
နာရီဝက်ခန့် နှပ်ထားပြီးလျှင် ၄င်းရေကျက်အေးကို သောက်နိုင်ပါပြီ။ ပထမတစ်ရေ ကုန်သွားလျှင် အချဉ်ဓါတ်နှင့်အခါးဓါတ်မကုန်သေးလျှင်နောက်ထပ် တစ်ရေထပ်ထည့်ပြီး ပြန်နှပ်ထားနိုင်ပါတယ်။
သံပုရာသီးတစ်လုံးကို ရေနွေး ၃ ခါလောက် စိမ်ပြီး သောက်နိုင်ပါတယ်။
ေ နေဆန်းနောင် (သက်ရှည်ကျန်းမာ)
Credit to သက်ရှည်ကျန်းမာ
No comments:
Post a Comment