အိန္ဒိယနိုင်ငံအနောက်ပိုင်းမ
ဆူရက်မြို့မှ စိန်ကုန်သည်သူဌေး ဆက်ဗ်ဂျက်ဟီ ဒိုဟိုလာကီ သည် ဟိန္ဒူ ဘာသာရေးပွဲတော် ဒေဝါဝလီပွဲတော်မတိုင်မီ အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သောအခမ်းအနားတွင် အလုပ်သမားများအား ယခုကဲ့သို့ ဆုလက်ဆောင်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဆုလက်ဆောင်များသည် အလုပ်သမားများ၏ဇနီးများအတွက
"ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီဖွံ့တိုးတတ်မှုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့တဲ့ ၀န်ထမ်းတွေကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ၀န်ထမ်းတွေဟာ မိသားစုဘ၀ကို မေ့ပစ်ထားပြီး ကုမ္ပဏီတိုးတတ်ဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်သူတို့ကို ဆုချီးမြှင့်ထိုက်ပါတယ်" ဟု Hari Krishna Exports ကုမ္ပဏီ ဥက္ကဌ ဒိုဟိုလာကီက အောက်တိုဘာ၂၀ ရက်တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ အလုပ်သမား၂၀၇ ဦးကို ကားတွေ ဆုချခဲ့ပါတယ်။ ၅၀၀ ကိုတော့ လက်ဝတ်ရတနာတွေ ပေးခဲ့ပြီး အိမ်ပိုင်မရှိသေးတဲ့ အလုပ်သမားတွေကို တိုက်ခန်းအတွက် စပေါ်ငွေတွေ ပေးခဲ့ပါတယ်။ အိမ်ပိုင်ရှိပြီးသားအလုပ်သမ
တစ်စုံလျှင် အမြင့်ဆုံးတန်ဖိုး အမေရိကန်ဒေါ်လာ ၅,၈၆၀ ဒေါ်လာတန်ဖိုးရှိ လက်ဝတ်ရတနာများကိုလည်း ဝန်ထမ်းများ၏ ဇနီးများအတွက် ပေးအပ်ခဲ့ကြောင်းနှင့် ၎င်းတို့သည် ကုမ္ပဏီတိုးတတ်ရေးအတွက် သွယ်ဝိုက်သောနည်ဖြင့် ပါဝင်ခဲ့သောကြောင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ြေ
ဒိုဟိုလာကီ၏ ကုမ္ပဏီသည် နိုင်ငံပေါင်း ၇၅ နိုင်ငံသို့ စိန်များ တင်ပို့ ရောင်းချနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
Mizzima
No comments:
Post a Comment