Sunday, October 19, 2014

အိုင်အက်စ်အဖွဲ့တွင် မြန်မာနိုင်ငံသား ၇၀ ဦး ပါဝင်နေသည်ဆိုသည့်ပြောကြားချက် အတည်မပြုနိုင်သေး



အစ္စလာမ်မစ်နိုင်ငံအဖွဲ့ (IS)သို့ပူးပေါင်းသွားသည့်နိုင်ငံခြားသားအကြမ်းဖက်သမား ၇၈၁ ဦးတွင် မြန်မာနိုင်ငံမှ ၇၀ ကျော် ပါဝင်နေကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ပြောကြားချက် ကို အတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။


အိုင်အက်စ်သို့ပူးပေါင်းသွား သည့် နိုင်ငံခြားသားအကြမ်းဖက်သမား ၁၃,၀၀၀ ကျော်အနက် ၇၈၁ ဦး စာရင်းကို အမေရိကန်အပါအဝင် နိုင်ငံပေါင်းတစ်ရာကျော်သို့ ဖြန့်ဝေထားပြီးဖြစ်သည်။ ယင်းစာ ရင်းတွင် မြန်မာနိုင်ငံတွင်းမှသွား ရောက်ပူးပေါင်းသူ ၇၀ ကျော်ပါ ဝင်နေကြောင်း ယခုရက်ပိုင်းအ တွင်း နိုင်ငံတကာသတင်းအချို့ ၌ဖော်ပြလာခြင်းဖြစ်သည်။

‘‘အဲဒီလူ ၇၀ ကိုအတည်ပြု နိုင်ဖို့ ကျွန်တော်တို့အချက်အလက်တွေထပ်တောင်းထားပါတယ်။ ပြည်သူတွေကလည်း သိထားတဲ့ အချက်တွေရှိရင်ကူညီပေးပါ’’ဟု နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူး ချုပ်စိုးမြိုင်ကပြောသည်။

အယ်လ်ကိုင်ဒါအဖွဲ့၏ ဂျီ ဟတ်ပစ်မှတ်အဖြစ် ခြိမ်းခြောက် ခံရပြီးနောက် တောင်ကြီးမြို့တွင် အကြမ်းဖက်မှု အဖွဲ့အစည်းနှင့် ဆက်နွှယ်သည့်လူ ၂၀ ဦးကို ဖမ်း ဆီးမိခဲ့ပြီး အရေးပေါ်စီမံမှုအက် ဥပဒေပုဒ်မ ၅(ည)ဖြင့် တောင် ကြီးခရိုင်တရားရုံး၌ တရားစွဲဆို ထားသည်။

‘‘ဒီလူက အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တာဝန်ခံတယ်။ သူတို့ ကတစ်ဆင့် တခြားဘယ်သူတွေ ပါဝင်ပတ်သက်သေးလဲဆိုတာကို တောက်လျှောက်လိုက်နေတယ်။ အမှုက စစ်ဆေးနေဆဲမို့ အကြမ်း ဖက်အဖွဲ့အမည်ကိုထုတ်ဖော် မပြောသေးဘူး’’ဟု ဦးစိုးမြိုင်က ပြောသည်။

  ပြည်တွင်းလုံခြုံရေးကို နိုင်ငံ တော်အဆင့်သို့တိုးမြှင့်ထားပြီး ပြည်တွင်းပြည်ပဝင်ပေါက်၊ ထွက်ပေါက်အားလုံးကို စောင့်ကြပ် ကြည့်ရှုသည့်စနစ်များ အသက် ဝင်နေကြောင်း ပြောကြားထား သည်။ သို့သော် ပြီးခဲ့သည့်နှစ်ကုန် ပိုင်းတွင် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ ထပ်မံဖွဲ့စည်းလိုက်သည့် ရေ ကြောင်းရဲတပ်ဖွဲ့၌ အင်အားနှင့် ပစ္စည်းကိရိယာများ လိုအပ်နေ သေးကြောင်း အဆိုပါတပ်ဖွဲ့မှ အဆင့်မြင့်အရာ ရှိတစ်ဦးကပြော သည်။

‘‘လူလည်းနည်းတော့ တပ် မတော်(ရေ)ကိုပဲ လတ်တလော အကူအညီယူထားရတာပေါ့’’ဟု ၎င်းကပြောသည်။

‘‘အိုင်အက်စ်တို့၊ အယ်လ် ကိုင်ဒါတို့က ပြောပြီးရင်တကယ် လုပ်တဲ့ကောင်တွေ။ လုံခြုံရေး သတိတော့ မပေါ့စေချင်ဘူး။ ဒီ အန္တရာယ်ကောင်တွေကို လက်ရှိ အခြေအနေနဲ့တော့ ကာကွယ်ဖို့ အတော်ခက်ဦးမယ်လို့ ကျွန်တော် မြင်ပါတယ်’’ဟု ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင် ကပြောသည်။

7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...