
နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရွှေဘုန်းကန်ရွာ အထက် ဆင်သေကြိုး ဝိုင်း အကွက် အမှတ် (၂၅)တွင် အောက်တိုဘာ ၁၅ ရက် နံနက် ၁ဝ နာရီခန့်က တောရိုင်းဆင်ပေါက် အထီးတစ်ကောင် ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်က ရွှေဘုန်း ကန်ရွာရှိ လယ်ကွက်ထဲတွင် ဆင် ပေါက်တစ်ကောင် မျက်စိလယ် လမ်း မှားပြီးရောက်ရှိလာ၍ ရွာသားများက စုပေါင်းပြီး တစ်ဖက်ရပ်ဆည် အတွင်း မောင်းချပြီး ဖမ်းဆီးခဲ့ရကြောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မြို့နယ် သစ်တောဦးစီးအရာရှိနှင့် အဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါဆင် ၏ ကျန်းမာရေးအခြေအနေမှာ ရွှေ့ ပြောင်းနိုင်သော ကျန်းမာရေးအခြေ အနေရှိသဖြင့် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် စတင်ရွှေ့ပြောင်း ခဲ့ပြီး ကျောက်ကျောရွာတွင် တစ်ည အိပ်နားခဲ့ကြောင်းနှင့် အောက်တိုဘာ ၁၇ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်ပေါက်ကို ရွှေဘုန်း ကန်ရွာတွင် တွေ့ရှိခဲ့၍ ဘုန်းကန်ဟု အမည်ပေးထားပြီး တောရိုင်းဆင် ဖြစ်သောကြောင့် လူများနှင့် ရင်းနှီး ယဉ်ပါးအောင် ရွှေ့ပြောင်းရာတွင် အလွယ်တကူ ရွှေ့ပြောင်းနိုင်အောင် ကျွမ်းကျင် ဆင်ဦးစီးအဖွဲ့များနှင့် စနစ်တကျ လေ့ကျင့်မှုများပြုလုပ်ခဲ့ ရကြောင်းသိရသည်။
ဆင်ပေါက် သည်အထီးဖြစ်ပြီး အရပ်သုံးပေ လေးလက်မ၊ လုံးပတ် လေးပေ ရှစ်လက်မ၊ အမြီးတစ်ပေ ရှစ်လက်မ ခန့်ရှိကြောင်း သိရသည်။
၎င်းဆင်ပေါက်ကို တိရစ္ဆာန် ဥယျာဉ်(နေပြည်တော်)တွင် ထားရှိ မည်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ဆင်အကြီး ရှစ်ကောင်၊ အသေးလေးကောင် စုစု ပေါင်း ၁၃ ကောင်ကို ထားရှိပေးထား ရာ ပြည်သူ များအနေဖြင့် ဆင်များ ကိုအနီးကပ်လေ့လာနိုင်ပြီး ဆင်လိမ္မာ များ၏ပြကွက်များကို ရှုစားရင်း တစ်ခါတစ်ခေါက် သွားရောက်သင့် ပါကြောင်း သတင်းစကားပါးလိုက်ရပါသည်။
နေပြည်တော် အောက်တိုဘာ ၁၇
MOI Webportal Myanmar
No comments:
Post a Comment