
ကမ္ဘာ့အကြီးဆုံး လေကြောင်းအဖွဲ့ အစည်းတစ်ခုဖြစ်သည့် အပြည်ပြည် ဆိုင်ရာလေကြောင်း ပို့ဆောင်ရေး အဖွဲ့အစည်း (IATA) တွင် အဖွဲ့ဝင် နိုင်ရန် မြန်မာ့လေကြောင်းက စီစဉ် လျက်ရှိကြောင်း သိရသည်။
မြန်မာ့လေကြောင်းလိုင်း ပြည်ပ ခရီးပျံသန်းရန်အတွက် Business Plan ရေးဆွဲရာတွင် International Air Transport Association (IATA) အဖွဲ့ဝင်ဖြစ်ရန် လိုအပ် ကြောင်း၊ ယင်းအဖွဲ့ဝင် ဖြစ်လာပါက ပြည်ပခရီး ပျံသန်းသည့်အခါ ဈေးကွက် ရလာမည်ဖြစ်ပြီး နိုင်ငံတကာလေကြောင်း လိုင်းများနှင့်လည်း ပူးပေါင်း လုပ်ဆောင်သွားနိုင်လိမ့်မည်ဟု မြန် မာ့လေကြောင်း လက်ထောက် အထွေ ထွေမန်နေဂျာ (စီးပွားရေးဌာန) မှ ဦးထင်လင်းက သူ့ထင်မြင်ချက်ကို ပြောဆိုသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် IATA အဖွဲ့ဝင်ခရီးသွား အေဂျင်စီ များ ရှိသော်လည်း အဖွဲ့အစည်း၏လုပ်ထုံးလုပ်နည်းများကို ပီပီပြင်ပြင် လုပ်ဆောင် နိုင်ခြင်းမရှိသေးကြောင်း၊ ယင်းအဖွဲ့ဝင်ဖြစ်လာပါက နည်းပညာ အထောက်အကူများ၊ လုပ်ကိုင်ခွင့် အခွင့်အလမ်းများ၊ E-Ticket လုပ် ငန်းများ၊ နည်းပညာများလည်း ပိုမို ဖွံ့ဖြိုးလာနိုင်ကြောင်း EVA Airline မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
IATA အဖွဲ့ဝင်ရန် IOSA (International Organization Of Safty Audit) ဟုခေါ်သည့် စစ်ဆေးရေးအဖွဲ့က လာရောက် စစ်ဆေးမည်ဖြစ်၍ မြန်မာ့လေ ကြောင်း၏ ဖွဲ့စည်းပုံများ၊ လိုအပ်ချက် များကို ပြင်ဆင်လျက်ရှိကြောင်း၊ ယင်းလိုအပ်ချက်များအတွက် အကြံ ပေးအဖွဲ့ကို ငှားရမ်းထားကြောင်း ဦးထင်လင်းက ပြောကြားသည်။
လက်ရှိတွင် မြန်မာ့လေကြောင်း သည် လေယာဉ် E 190 နှစ်စင်း၊ Beech နှစ်စင်း၊ ATR လေးစင်း၊ Grand Caravran နှစ်စင်းနှင့် MA 60 နှစ်စင်း စုစုပေါင်း ၁၂ စင်းရှိသော်လည်း လေယာဉ်မတော် တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိ သော MA 60 လေယာဉ်များကို ရပ်နားထားပြီး လေယာဉ်၁ဝစင်းဖြင့် သာ ပြည်တွင်းလေဆိပ် ၂၆ခုကို ပျံသန်းပေးလျက်ရှိပြီး ၂ဝ၁၅ခုနှစ် တွင် ပြည်ပခရီးစဉ်များကို ပထမဆုံး အကြိမ် ပျံသန်းပေးရန် စီစဉ်လျက် ရှိကြောင်း မြန်မာ့လေကြောင်းမှ သိရသည်။
TZO
Democracytoday
No comments:
Post a Comment