Wednesday, October 15, 2014

ပျဉ်မနား ပြည်သူများအား R ဇာနည်က မိုးဖင်မိုးလင်း ဟုပြော


R ဇာနည်၏ ရိုင်းပျမှုများကို ပြန်လည်တောင်းပန်ရန် ပျဉ်းမနားပြည်သူများက မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ တိုင်ကြား ထား သည်ဟု ပျဉ်းမနားမြို့နယ်၊ ဂီတအစည်းအရုံး ဥက္ကဌ ဦးအောင်သန်းက မဇ္ဈိမကိုပြောသည်။ ပျဉ်းမနားမြို့၏ အထင် ကရဘုရားပွဲတော်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်တွင် အဆို တော် R ဇာနည်ကို ဖျော်ဖြေပေးနိုင်ရန်အတွက် ရန်အောင်(၁) ဝတ်ဖြူတော် အသင်းက အောက်တိုဘာ ၇ ရက်နှင့် အောက်တိုဘာ ၉ ရက်တို့တွင် ငှားရမ်း ခဲ့သည်ဟု ၎င်းကပြောသည်။ယင်းနှစ်ရက်တွင် R ဇာနည်သည် Sky Palace ဟိုတယ်တွင် တည်းခိုခဲ့ပြီး ၎င်း၏ လူမှုကွန်ယက် စာမျက်နှင့်ပေါ်တွင် "ပျဉ်းမနား မိုးဖင်မိုးလင်း တိုက်ပွဲကြီးစရန် နာရီပိုင်းသာ လိုတော့သည်။

ကဲ ကိုနိုင်ဇော် မျောက်ပွဲစပြီနော်"ဟု ရိုင်းပျသည့် စကားလုံးများပြောဆို ရေးသားခဲ့သည့်အပေါ် ပျဉ်းမနား မြို့သူမြို့သားများမှ ပျဉ်းမနားမြို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲတော်ကို မျောက်ပွဲဟု ခိုင်းနှိုင်းထားခြင်းကို မကျေနပ်သောကြောင့် ပျဉ်းမနားမြို့နယ် ဂီတအစည်း အရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ပျဉ်းမနားမြို့နယ် ဂီတအစည်းအရုံး မှ ဥက္ကဌ ဦးအောင်သန်း က ပြောသည်။

“ပျဉ်းမနားမြို့မှာ အောက်တိုဘာ ၁၀ ရက် မနက်ကတည်းက ဆူနေတာ။ ပြည်သူပြည်သားတွေက သူတို့အထွတ်အမြတ်ထားတဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို မျောက်ပွဲလို့ ခိုင်းနှိုင်းထားတဲ့ အပေါ်မှာ မကျေနပ် ကြတာ။ အဲဒါနဲ့ ကျွန် တော်တို့ ဂီတအစည်းအရုံးကို လာတိုင်တော့ ကျွန်တော်က ဗဟိုဂီတအစည်း အရုံးကို ဖုန်းနဲ့လှမ်းဆက်ပြီး တိုင်လိုက် တယ်။

အဲဒါ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)က ကျွန်တော်ကို စာရွက်စာတမ်းနဲ့ အထောက်အထားနဲ့ တိုင်ပါဆိုလို့ စာရွက်စာတမ်း အထောက်အထားတွေကို အောက်တိုဘာ ၁၃ ရက် ညကားနဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)ကို ပို့ပေးလိုက်ပါပြီ။ ” ဟု ဦးအောင်သန်း က ပြောသည်။

ပျဉ်းမနားမြို့သူမြို့သားများအနေဖြင့် R ဇာနည်၏ လူမှုကွန်ယက် စာမျက်နှာ ပေါ်တွင် ပြန်လည်တောင်းပန် ပါက ကျေနပ်သွားမည်ဖြစ်သည် ဟု၎င်းကဆို သည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ဒုဥက္ကဌ ဦးလွင်မြင့်က “အောက်တိုဘာ ၁၃ ရက်က ကျွန်တော်တို့ ဗဟိုကို ဖုန်းဆက်ပြီး ပျဉ်းမနားဂီတ အစည်းအရုံးက လှမ်းတိုင်ပါတယ်။ စာရွက်စာတမ်းတော့ မရောက်သေး ပါဘူး။ စာရွက်စာတမ်း ရောက်ရင်တော့ ကာယကံရှင်ကို ခေါ်မေးပြီး သူဖြေတဲ့ အဖြေအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ။ အဲဒီကနေ အများရဲ့ဆန္ဒ၊ ကာယကံရှင်ရဲ့ အဖြေအပေါ် မူတည်ပြီး ဆုံးဖြတ် သွားမှာပါ R ဇာနည်က ရမ်းရမ်းကားကား မဟုတ်ပါဘူး။ အတိုင်ခံရတာလည်း တစ်ခါမှ မရှိခဲ့ဘူး။ ပညာပေး သဘောလေးနဲ့ပဲ ဆောင်ရွက်သွားမှာပါ ” ဟု မဇ္ဈိမ သို့ ပြောသည်။

မြန်မာနိုင်ငံ ဂီအစည်းအရုံး (ဗဟို)ရှိ ညှိနှိုင်းဖြေရှင်းရေး ကော်မတီသည် အဆိုတော် R ဇာနည်နှင့် မြို့ခံကာယကံရှင်များ၏ အဖြေပေါ် မူတည်ပြီး ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု ၎င်းကပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး R ဇာနည်အား မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ R ဇာနည်၏ ဇနီးမှ R ဇာနည် ခရီးသွားနေကြောင်းနှင့် ပျဉ်းမနားကိစ္စနှင့် ပတ်သက်ပြီး မည်သို့မျှ ပြောကြားလိုခြင်း မရှိဟု ဖြေကြား ခဲ့သည်။ R ဇာနည်သည် ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် ချမ်းချမ်း၊ ဝိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော် သိန်း၊ နိုင်ငံကျော် အဆိုတော် များစွာနှင့် ပါဝင်သီဆို ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...