တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ကျောင်းသားနှစ်ရာခန့်သည်
အမျိုးသားပညာရေးဥပဒေကြမ်းကို သပိတ်မှောက်သည့် တတိယနေ့အဖြစ် ရွှေတိဂုံဘုရား
အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးရှေ့တွင် ဆက်လက်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။
အဆင့်မြင့်ပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊
အခြားတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက
တွေ့ဆုံညှိနှိုင်းရန် ကမ်းလှမ်းလာသောကြောင့် ဆန္ဒပြပွဲကို ဦးဆောင်နေသည့်
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု
ဦးဆောင်ကော်မတီဝင် ၁၅ ဦးနှင့် ရွှေတိဂုံကြေးသွန်းဘုရားပေါ်တွင် တွေ့ဆုံညှိနှိုင်းခဲ့သည်။
ဆန္ဒပြသူများက အချက်ခြောက်ချက်ကို တောင်းဆိုသည်။ ဦးဇော်ဌေးနှင့် ပါမောက္ခချုပ်များက တက္ကသိုလ်ဆရာ၊
ဆရာမများအနေဖြင့်သာ ညှိနှိုင်းခြင်းဖြစ်ပြီး အစိုးရမှ တာဝန်ရှိသူမဟုတ်၍ တောင်းဆိုချက်များအတွက် အဆုံးအဖြတ်မပေးနိုင်ကြောင်းပြောသည်။
ထိုသို့ ညှိနှိုင်းမှု အဆင်မပြေဖြစ်ပြီးနောက် ဆန္ဒပြကျောင်းသား ၂၀၀ က ရွှေတိဂုံဘုရားပေါ် ဆက်လက်ချီတက် ဆန္ဒပြနေကြသည်။
7Day
No comments:
Post a Comment