Saturday, November 15, 2014

အရှုံးပေးတဲ့ လူတွေထဲ သင်မပါမိစေနဲ့

ကြွက်သားတွေ သန်မာတာထက်
စိတ်ဓါတ်တွေ သန်မာ ကြံ့ခိုင်နေဖို့က ပိုအရေးကြီးပါတယ်

ကိုယ့်မှာ အရာအားလုံးချို့တဲ့ရင်ချို့တဲ့နေပါစေ
စိတ်ဓါတ်အင်အား နဲ့ စာရိတ္တတော့ မချို့တဲ့မိပါစေနဲ့

ဝထ္ထုတွေ ရုပ်ရှင်တွေထဲကလို သဘာဝလောကကြီးက ပြေပြစ်ချောမွေ့မနေပါဘူး
ဇာတ်လိုက်ကို ဇာတ်ရံတွေက ၀န်းရံပြီး ပို့ပေးတဲ့ ဇာတ်ထုပ်ကြီး မဟုတ်တဲ့အတွက်
လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ရဲ့ ဇာတ်လိုက်တွေကြီးပါပဲ

အခက်အခဲနဲ့ ရှံးနိမ့်မှုတွေကို ကြံ့ကြံ့ခံနိုင်မှသာ
ပျော်ရွှင်ခြင်းဆိုတာရဲ့ အဓိပ္ပါယ်ကို သင်နားလည်လာမှာပါ

ဒါကြောင့် .... လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့လူတွေထဲ သင်မပါမိစေနဲ့ ။

Be Strong , Be Happy

သက်တန့်ချို



No comments:

Post a Comment