Sunday, November 16, 2014
Gym ခန်းက လေထုတွေ ဘာ့ကြောင့် ညစ်ညမ်းနေ..
လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူကို ကျန်းမာသန်စွမ်းစေတယ်လို့ ယုံကြည်ထားကြပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့ မိုးလုံလေလုံ အားကစားခန်းမထဲက လေထုကို စစ်ဆေးလေ့လာတဲ့အခါ တွေ့ရတဲ့ လေ့လာမှုအသစ်တစ်ခုက အားကစားရုံထဲ အသက်ပြင်းပြင်းရှူပါက သင့်ကျန်းမာရေးတွက် စိုးရိမ်စရာတစ်ခု ဖြစ်ရင်လည်းဖြစ်သွားနိုင်ပါတယ်တဲ့။
ဟော်လန်နဲ့ ပေါ်တူဂီက သုတေသီတွေက အားကစားရုံ (၁၁) ခုက လေထုညစ်ညမ်းမှု အခြေအနေဖြစ်စေတဲ့အရာတွေကို အသေအချာ စစ်ဆေးလေ့လာခဲ့ကြရာမှာ အထူးသဖြင့် အလုံပိတ်ထားတဲ့ အခန်း၊ နေရာတွေမှာ ဖုန်မုန့်၊ formaldehyde ဓာတ်ငွေ့ နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏမြင့်မားကြောင်း ရလဒ်တွေ ထွက်ရှိလာခဲ့ပါတယ်။ ဒီလိုအခန်းမျိုးမှာ တစိုက်မတ်မတ် လေ့ကျင့်ခန်းတွေ လုပ်လာတဲ့အခါမှာ ပန်းနာရောဂါ နဲ့ တခြား အသက်ရှုမှုပိုင်းဆိုင်ရာ ပြဿနာတွေအပြင် နွမ်းနယ်မှုတွေလည်းဖြစ်လာစေပါတယ်။ အကျိုးဖြစ်ထွန်းတဲ့ လေ့ကျင့်မှုဖြစ်ရမယ့်အစား နောက်ဆုံးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အလွန်အကျွံ ရှူရှိက်မိတာကြောင့် ဦးနှောက်မကြည်လင် ရှုပ်ထွေးခြင်းတွေ၊ မောပန်းနွမ်းလျခြင်းနဲ့တောင် အဆုံးသတ်သွားနိုင်ပါတယ်။
လေကောင်းလေသန့် အဝင်အထွက်နည်းခြင်း၊ သန့်ရှင်းရေးအတွက်သုံးကုန်တွေနဲ့ ဆေးလိပ်သောက်တတ်တဲ့ လေ့ကျင့်ရေးဆရာ/မ တွေကို သုတေသီတွေက ဝေဖန်ထောက်ပြထားပါတယ်။ နောက် လေ့ကျင့်ခန်းလုပ်နေချိန် လူတိုင်းက အသက်ပြင်းပြင်းရှူနေကြတာကြောင့် ညစ်ညမ်းတဲ့လေထုတွေ ပိုရှူမိကြပြီး တခြားနေရာတွေထက် အားကစားရုံမှာ အသက်ရှူလမ်းကြောင်းထဲ ပိုသွင်းမိလျက်သားဖြစ်သွားပါတယ်။
ဒီအချက်တွေကြောင့် လေ့ကျင့်ခန်း မလုပ်တော့ဖို့ တိုက်တွန်းတာမဟုတ်ပါဘူး။ ကိုယ်လက်လုပ်ရှားမှုမရှိရင် အားကစားရုံက လေထုရှူရတာထက် သင့်ကျန်းမာရေး ပိုမို စိုးရိမ်စရာဖြစ်ရပါလိမ့်မယ်။ အားကစားရုံအတွင်း သန့်ရှင်းရေးသုံး ဓာတုပစ္စည်းတွေ၊ ၎င်းရဲ့အနံ့အသက်တွေ ၊ မီးခိုးအခိုးအငွေ့တွေဖုံးလွှမ်းနေရင် လေထုသန့်ရှင်းခြင်း၊ လေကောင်းလေသန့် ဝင်ထွက်မှု မရှိတဲ့အတွက် အခန်းပြတင်းတံခါးတွေ ဖွင့်ထားပြီး လေ့ကျင့်ခန်းဆက်လက်ဆောင်ရွက်နိုင်ပါတယ်။
ဆန္ဒရှိပါက အပြင်မှာ လုပ်တာလည်း တမျိုးကောင်းတာပေါ့။ အမြဲတမ်း မဟုတ်ပေမဲ့ အပြင်လေထုကလည်း အနည်းနဲ့အများလေထုညစ်ညမ်းမှု နည်းပါတယ်။
Source: Cosmopolitan
No comments:
Post a Comment