ဒီဆိုင်လေးနာမည်က မအိ ဝက်သားတုတ်ထိုးပါ။ ဦးချစ်မောင်လမ်းမကြီးကနေ ချိုးဝင်သွားရတဲ့ တောင်မြင်းပြိုင်ကွင်းလမ်းထဲ ဖွင့်ထားပြီး အမက ၁၈ တာမွေရဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ခြင်းတောင်းလေးနဲ့ စဖွင့်ခဲ့ရတဲ့ မအိဆိုင်က ၄နှစ်တောင် ရှိနေပါပြီ။
စားသုံးတဲ့သူတွေ ကျန်းမာရေးကို အဓိကဦးစားပေးပြီး သပ်သပ်ရပ်ရပ်လေး လုပ်တာဖြစ်ပြီး ဒီလို သန့်ရှင်းမှုကြောင့်ပဲ စားသုံးသူတွေ သတိထားမိလာကြတယ်လို့ ပြောပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကိုလည်း စတီးထည်တွေပဲသုံးပြီး သန့်ရှင်းမှုအတွက် ဘယ်လိုလုပ်ထားတယ်ဆိုတာ မအိမွန်ခိုင်က ရှင်းပြပါတယ်။
ဝက်သားတုတ်ထိုး ပူပူနွေးနွေးလေးအပြင် ဝက်သားလုံးကြော်၊ ဝက်သားစားရတာ အီတယ်ဆိုတဲ့သူတွေအတွက် သီးရွက်စုံဝက်သားလုံးပေါင်းနဲ့ အသုပ်စုံတို့လည်း ရှိပါတယ်။ လာစားကြပါလို့ ဖိတ်ခေါ်နေပါတယ်။
0 comments:
Post a Comment