အမေရိကန် ထိပ်တန်းပေါ့ပ် အဆိုတော် ကေတီပယ်ရီက ကလေးရရန် အတွက် ယောက်ျားရှိရန် မလိုအပ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။ အမျိုးသမီး တစ်ယောက် သည် ယောက်ျား မရှိဘဲ ကလေးရ နိုင်သည် ယုံကြည်သည့် အတွက် ပေါ့ပ် အဆိုတော်သည် ၎င်းနှင့် သင့်တော်မည့် သူနှင့် တွေ့ဆုံခြင်း မရှိလျှင်ပင် ကလေးယူရန် စီစဉ်ထားကြောင်း သိရသည်။ သို့သော် အဆိုတော် ဂျွန်မေယာ နှင့် ခွာပြဲပြီးနောက် ဒီဂျေဒီပလို နှင့် တွဲနေသည့် ကေတီပယ်ရီသည် လတ်တလော အချိန်တွင် ကလေးယူရန် စဉ်းစားထားခြင်း မရှိသေးကြောင်း သိရသည်။ အသက် (၂၉) နှစ် အရွယ်ရှိ အဆိုတော်က ယင်း၏ အမြင်ကို ယခုကဲ့သို့ ပြောကြားထားသည်။
““ကလေးရဖို့ အတွက် ကျွန်မ ယောက်ျား မလိုပါဘူး။ ၂၀၁၄ ခုနှစ် ဖြစ်ပါတယ်။ ဘာမှ မလိုအပ်တဲ့ အနာဂတ်မှာ ကျွန်မတို့ နေထိုင်ပါတယ်။ ကျွန်မဟာ ယောက်ျား မုန်းတီးသူ မဟုတ်ပါဘူး။ ယောက်ျားတွေ ကို နှစ်သက်ပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ အမျိုးသားနဲ့ မကြုံရင် ဒါကို စဉ်းစားရမှာ ဖြစ်ပါတယ်”” ဟု ဆို ထားသည်။
ကေတီပယ်ရီ ၏ အစ်မဖြစ်သူ အန်ဂျယ်လာဟတ်ဒ်ဆန် သည် ယခုနှစ် ဖေဖော်ဝါရီလ အတွင်း ပထမဆုံး အကြိမ်အဖြစ် ကလေး မွေးဖွားခဲ့ပြီး ထိုဖြစ်ရပ်က ကေတီပယ်ရီအား ကလေး အမေဖြစ်ရန် အသင့် မဖြစ်သေးသည်ကို နားလည် စေခဲ့သည်။ အစ်မဖြစ်သူ ကလေးနှင့် (၂၄) နာရီ အချိန်ကုန်သည်ကို မြင်တွေ့အပြီးတွင် လက်ရှိ အချိန်တွင် ကလေးအမေ ဖြစ်ရန် ၎င်း အသင့် မဖြစ်သေးသည်ကို ကေတီပယ်ရီ နားလည်ခဲ့ခြင်း ဖြစ်သည်။ သင့်တော်သည့် အချိန်တွင် ကလေးယူမည် ဖြစ်ပြီး ထိုအချိန်သည် လာမည့် နှစ်နှစ် အတွင်း တွင် ဖြစ်မည် မဟုတ်ဟု လည်း ၎င်းက ဆိုထားသေးသည်။ ကေတီပယ်ရီ သည် ဗြိတိန် ဟာသ သရုပ်ဆောင် ရပ်ဆဲလ်ဘရန်း နှင့် အိမ်ထောင် ပြုခဲ့သူ လည်း ဖြစ်သည်။
Source:EW
Messenger
Saturday, August 23, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment