ဆက်သွယ်ရေးဆိုင်ရာလိုင်စင်ရရှိသူသည် သက်တမ်းတိုးမြှင့်ပေးထားသည့် လိုင်စင်များအား ထပ်မံသက်တမ်းတိုးမြှင့်ပေးရန်လျှောက်ထားနိုင်ကြောင်း သိရသည်။
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ
ဥပဒေများကို အောက်တိုဘာလ ၁၄ ရက်နေ့ကထုတ်ပြန်ခဲ့ရာအဆိုပါအချက်ပါဝင်ခဲ့သည်။ လိုင်စင်သက် တမ်းတိုးမြှင့်ခြင်းခေါင်းစဉ်တွင် ယင်းအချက်ကိုထည့်သွင်းထားခြင်းဖြစ်သည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၈ နှင့် ၁၂ အရလိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန်ဦးစီးဌာနသို့လျှောက်ထားနိုင် ကြောင်း၊ သက်တမ်းတိုးမြှင့်ပေးရန်လျှောက်ထားရာတွင် လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၂၄ လ ထက်မစော၊ ၁၂ လထက်နောက်မကျဘဲလျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားချက်အရသိရသည်။
လျှောက်ထားချက်ကိုလက်ခံရရှိသည့်အခါ လိုင်စင်ရရှိသူသည် သတ်မှတ်ထားချက်များကို အများ အားဖြင့်လိုက်နာခဲ့ပါက ဦးစီးဌာနနှင့်လိုင်စင်ရရှိသူတို့အကြား အခြားနည်းဖြင့်သဘောတူညီထားခဲ့ခြင်း မရှိလျှင်ဦးစီးဌာနသည် ကနဦးလိုင်စင်ပါစည်းကမ်းချက်များနှင့်တူညီသော သို့မဟုတ် များပြားစွာကွဲလွဲ မှုမရှိသောစည်းကမ်းချက်များဖြင့် ကနဦးလိုင်စင်သက်တမ်းအတိုင်းတိုးမြှင့်ပေးရမည်ဖြစ်ကြောင်း သိရသည်။ လိုင်စင်ရရှိသူအနေဖြင့် ဆက်သွယ်ရေးဥပဒေ၊ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းမှုဘောင် နှင့် ဦးစီးဌာနမှချမှတ်သည့်ဆုံးဖြတ်ချက်များ၊ လိုင်စင်တွင်ပါရှိသောစည်းကမ်းချက်များနှင့်တာဝန်များ တို့ကိုအများအားဖြင့်လိုက်နာခဲ့ရမည်ဖြစ်သည်။
0 comments:
Post a Comment