
ရုပ်ရှင်ဆင်ဆာရဲ့မူဝါဒတွေ ဖြေလျော့လိုက်ချိန်မှာ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး
နာမည်ကြီးအောင်။ လူကြိုက်များအောင် လုပ်လာတဲ့သူတွေအပေါ် ဆိုရှယ်မီဒီယာတွေမှာ ပရိသတ်က ဝေဖန်နေတာကြောင့် နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်း ရှိလာကြတယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက ပြောပါတယ်။
ဒါပေမယ့် အလွဲသုံးစားလုပ်တဲ့ အလွယ်နည်းတွေ ရှိနေဆဲပဲလား။ “ဆင်ဆာမူဝါဒတွေ ဖြေလျော့ပေးလိုက်တော့ ဇာတ်ကားတွေရိုက်ရတာ ပိုပြီးတော့ လွတ်လပ်လာတယ်။ ဇာတ်ကောင်စရိုက်နဲ့ပီပြင်တဲ့ ဝတ်စားဆင်ယင်မှုမှာလည်း အထောက်အကူတွေ
အများကြီးရလာတယ်။ ဇာတ်လမ်းအမျိုးအစားသစ်တွေ ရိုက်ကူးခွင့်ရလာတဲ့အတွက် ကိုယ့်ရဲ့ဘောင်လေးတစ်ခု ပိုပြီးကျယ်ပြန့်လာတာပေါ့။ အလွန်အကျွံဆိုရင်တော့ ပရိသတ်မကြိုက်ပါဘူး”
လို့ ဦးလူမင်းက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။
“Social Media ခေတ်ကြီးမှာ ပရိသတ်က ကြိုက်ရင်လည်း ကြိုက်သလို ကျယ်လောင်သလို၊ မကြိုက်ရင်လည်း မကြိုက်တဲ့အသံက ပိုပြီးကျယ်လောင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သရုပ်ဆောင်
တွေလည်း သူ့ဟာနဲ့သူ Control လေးတော့ ပြန်ဖြစ်သွားတယ်။ တစ်ချို့ကျတော့လည်း လွတ်လပ်ခွင့်လေးကို အလွဲသုံးစားလုပ်ပြီး အလွယ်နည်းနဲ့ နာမည်ကြီးအောင်သော်လည်းကောင်း၊ လူကြိုက်များအောင်သော် လည်းကောင်း အဲဒီလို ရိုက်ကူးတင်ဆက်မှုတွေကလည်း ကြိုကြားကြိုကြား ပါလာတာ တွေ့ရတယ်” လာမယ့် ဒီဇင်ဘာ ၂၇ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကို ပရိသတ်တွေကို ဝင်ခွင့်မပြုတာနဲ့ပတ်သက်ပြီး ဦးလူမင်းက တောင်းပန်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးက ပရိသတ်အတွက် တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်လို့ အခမ်းအနားနေရာ
အခက်အခဲကြောင့် ကျင်းပမယ့်နေရာကို ဝင်ခွင့်မပေးတာကို နားလည်စေချင်ပါတယ်လို့ ရှင်းပြပါတယ်။ “ကိုယ်အများကြီး တောင်းပန်ပါတယ်။ ဆိုလိုတာက ကိုယ်တို့အကယ်ဒမီသမိုင်းကို ကြည့်မယ် ဆိုရင် နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေကို လက်မှတ်ရောင်းပြီး ဝင်ခွင့်ပေးခဲ့တာက နှစ်တိုင်းရှိခဲ့တာ မဟုတ်ပါဘူး။
ဟိုးအရင်းတုန်းကလည်း အဲဒီလိုမျိုးတွေ အနုပညာသမားတွေချည်း သီးသန့်ကျင်းပပြီးတော့မှပဲ သတင်းထုတ်ပြန်ရတာပါ။ ဒါပေမယ့် ဒီဖက်ခေတ်မှာတော့ ပရိသတ်က အချိန်နဲ့တပြေးညီ ခံစားခွင့်ရပါတယ်။ ဒီပွဲကြီးကို လာရောက်အားပေးနေတဲ့ ပရိသတ်အရေအတွက်ထက်
တစ်ပြည်လုံးမှာရှိတဲ့ သန်းပေါင်းများစွာသော ပရိသတ်အရေအတွက်က ပိုများပါတယ်။
အဲဒီဟာကို ပိုပြီးတော့ ဦးစားပေးပြီး ရိုက်ကူးရေး စီစဉ်တင်ဆက်မှုကို ကျကျနန ရိုက်ကူး
စီစဉ်သွားမှာပါ” စမ်းချောင်းက Myanmar Event Park မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပထမဆုံးအဖြစ် ပြန်ကြားရေးရဲ့ ဝင်ရောက်စွက်ဖက်မှုမပါဘဲ ရုပ်ရှင်ထူးချွန်ဆုကို ချီးမြှင့်
သွားမှာဖြစ်ပါတယ်။
Kamayut Media
0 comments:
Post a Comment