
သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှု ဖြင့် မလေးရှားနိုင်ငံမှ Dr. Peter Kong ဦးဆောင်သည့် မျက်စိ ရှေ့ခန်း/နောက်ခန်းခွဲစိတ် အထူးကုဆရာဝန်များသည် (၂၁-၁၀-၂၀၁၄) မှ (၂၆-၁၀-၂၀၁၄) နေ့အထိ စစ်ကိုင်း သီတဂူ အာယုဒါန ဆေးရုံတော်တွင် ကြည့်ရှု၊ စမ်းသပ်၊ ခွဲစိပ်ခြင်း အစီစဉ်များ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ ဆေးရုံတင်ထားသော မျက်စိဝေဒနာရှင် (၈၈) ဦးရှိပါသည်။ ၂၀ ရက်နေ့ OPT ကြည့်ထားသူ - ၁၅၀ ရှိပါသည်။ ဆေးထိုး ၆ ယောက်၊ ခွဲစိတ်ပြီး ၂၅ ယောက်ရှိပါသည်။ ၂၁ ရက်နေ့ OPT ကြည့်ထားသူ ၈၀ ၀န်းကျင်ရှိသည်။ ဒီနေ့ ရှေ့ခန်း Phaco နဲ့ခွဲရန် Plan ၂၁ ယောက်ရှိသည်။ နောက်ခန်း ၄ ယောက်ရှိသည်။ စုစုပေါင်း ၂၅ ယောက်ဟုခန့်မှန်းရသည်။ နေ့ခင်း ၂ နာရီတွင် နောက်ထပ် လူနာများ ဆေးရုံတက်ဖို့စောင့်နေသူများစွာလည်း ရှိနေသည်။

မျက်စိဝေဒနာရှင်များတွင် အသက် လေးနှစ်အရွယ် ကလေးငယ်များပင် ပါဝင်နေသည်။ မျက်စိဝေဒနာရှင်များအတွက် ကြိုတင်စမ်းသပ်စစ်ဆေးမှုများကို ဂရုတစိုက် သီတဂူ ဒေါက်တာ ဒေါ်မိမိခင်က ဆောင်ရွက်ပေးသည်။
ရပ်နီးရပ်ဝေး မျက်စိဝေဒနာရှင်များမှ ဆက်သွယ်စာရင်းသွင်း ကုသနိုင်ပြီ ဖြစ်ကြောင်း သိရှိစေအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
Posted by Htein Lin
0 comments:
Post a Comment