
၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ ဒေါ်စုကြည်ဟာ ထိုင်းနိုင်ငံ မယ်လစခန်းကိုသွားပြီးမယ်ဆွယ်စည်းရုံးစဉ်ကာလက သူမ ပြောခဲ့တဲ့ စကားလေးပါ ။
"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။"
“ကျမတို့ နိုင်ငံ နှစ်နိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေး အဆင်ပြေအောင်လို့ ဦးတည်ပြီးတော့ ပြောခဲ့တာတွေလည်း ရှိပါတယ်။ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေပဲ ဖြစ်ဖြစ်၊ ဒုက္ခသည်တွေပဲ ဖြစ်ဖြစ်၊ ဒါဟာ နိုင်ငံ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါ။ အထူးသဖြင့် ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေက မမေ့ဖို့ကိစ္စဟာ ဒီမှာ ရောက်နေတဲ့သူတွေက ဧည့်သည်တွေပါ။ ဧည့်သည်ဆိုတာ ဧည့်သည်ပီပီ နေကြရမယ်။ ဧည့်သည်ရဲ့ တာဝန်ကိုသိရမယ်။ အိမ်ရှင်တွေကလည်း တတ်နိုင်သမျှ ကျမတို့ရဲ့ နိုင်ငံသားတွေ ဒုက္ခရောက်နေချိန်မှာ ကူညီစေချင်အောင်လို့လည်း ကျမတို့ကနေ ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့လည်း တချိန်တည်းမှာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားပြီးတော့ လုပ်ဆောင်ဖို့ ပြောချင်ပါတယ်။”
--------------------
ဒီစကားတွေပြောပြီးချိန်မှာ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ၂ ဦး မတရားစွပ်စွဲခံနေရချိန် ဘာ့ကြောင့် စကား တစ်လုံးမှ မပြောတော့ပဲ ငြိမ်နေရပါသလဲ ?
ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီမယ်ဆိုတဲ့ သူမ စကားဟာ ထို ၂ ဦးအတွက် မပါဘူးလားလို့ မေးဖွယ်ရာဖြစ်လာပါတယ် ။ သူမ မဲဆွယ်စဉ်ကပြောခဲ့တဲ့ စကားဟာ ခုချိန်မှာ အချိန်ကာလာကြာမြင့်လာလို့ပျောက်ကွယ်သွားပြီလို့မှတ်ယူနေသလား ?
ဒါ့ပြင် ........
ထို ၂ ဦးအတွက်ဝင်ရောက်ပြောဆိုဖို့ ဘာအာဏာများရှိသလဲလို့ လာမေးမဲ့ ဒေါ်စုကြည်အားပေးတွေကိုလည်း တစ်ခါတည်းပြောချင်ပါတယ် ။ ထိုင်နိုင်ငံမှာ ဒီလိုစကားပြောစဉ်ကရော အာဏာရှိနေလို့ပါသလား ?
စကားတွေကို နားထောင်ကောင်းအောင် ဖောင်ဖွဲပြီးပြောဆိုနေပေမဲ့ ၊ တကယ်အလုပ်လုပ်ချိန်မှာတော့ ပျောက်ကွယ်နေတဲ့ သူမရဲ့ လူထုခေါင်ဆောင်နည်းစနစ်ကို လေးစားအတုယူမိပါတယ် ။
မင်းကိုနိုင်ပြောသလိုပဲ .....
ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ယူဖို လိုအပ်ပါတယ် ခင်ဗျာ ..... ။
ME™
0 comments:
Post a Comment