
အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၄၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က မော်လ မြိုင်မြို့နယ်၊ မြိုင် သာ ယာရက်ကွက်၊ (၂) လမ်း၊ အိမ်အမှတ်(၂၆)တွင် ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်နေသည် ဟု သတင်းရရှိသဖြင့် နယ် မြေ ခံ ရဲ တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် များမှ သက်သေများနှင့်အတူ ၀င် ရောက် စစ်ဆေးရှာဖွေခဲ့ရာနေအိမ်တွင် ပြည့်တန်ဆာ လုပ်ငန်းလေုပ် ကိုင် နေ သော KNU/KNLA-PC တပ်ဖွဲ့ မှဗိုလ်မှူးစောစိုးနိုင်နှင့် တပ်ဖွဲ့ဝင် စောဆန်းမြင့်ဦးတို့ အားတွေ့ရှိခဲ့ရပြီး ပြည့်တန် ဆာလုပ်ကိုင်နေသည့် အမျိုးသမီးများကိုလည်း တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ရာတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေ သော အမျိုးသမီးငယ်များနှင့်အတူ ဗိုလ်မှူး စောစိုးနိုင်၏ အိပ်ခန်းအတွင်း၌ ၉-မမပစ္စတို (၁) လက်နှင့် ကျည်ဆံများ၊ကျည်အိမ်များ၊ အီကွေ့မင့်(ချပ်ဝတ်တန်ဆာ) များတွေ့ ရှိ ခဲ့ ရ ကြောင်း၊ ကရင် အမျိုးသား အ စည်း ရုံး၊ ကရင် လွတ်မြောက်ရေး တပ် မ တော်-ငြိမ်း ချမ်း ရေး ကောင် စီ ကိုယ်ပိုင် အမှတ်၊ ၀၀၂၇ ဗိုလ်မှူး အဆင့် စောစိုးနိုင် အမည်ပါ ကတ်ပြား (၁) ခုအား တွေ့ရှိခဲ့ ရ ကြောင်း၊ ဓါးအိမ်ပေါ်တွင် ဗိုလ်မှူး စောစိုးနိုင် စစ်ကြောင်း မှူးဟုရေးသားထားသော အရိုး/အသွား (၂)ပေခွဲခန့်ရှိ ဓါး(၁) ချောင်းအားတွေ့ရှိခဲ့ ရ ကြောင်း နှင့် ထိုပစ္စည်းများ အား သက်သေခံပစ္စည်းများအဖြစ် ရေးမှတ်သိမ်းဆည်း ထားကြောင်းကို မော်လမြိုင်မြို့နယ်၊ မြိုင် သာယာရဲစ ခန်း မှာ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်မင်းထွန်းမှပြောကြားခဲ့ဟု သိရှိရသည်။

အဆိုပါ ဗိုလ်မှူးစောစိုးနိုင် မှာ KNLA-PC အဖွဲ့မှ စီးပွား ရေး တာဝန်ခံတစ်ဦးဖြစ်ပြီး စောဆန်းမြင့်ဦးမှာ၎င်းတပ်ဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ထောက်လှမ်းရေး တာဝန်ခံတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
ထိုဖြစ်စဉ်နှင့် ပက်သက်၍ KNLA-PC တပ်ဖွဲ့မှ ဗိုလ်မှူး စောစိုးနိုင်နှင့် တပ်ကြပ်ကြီး စောဆန်းမြင့်ဦးတို့အား မြိုင် သာယာ ရဲစခန်း မှ (ပ)၁၃၈/၂၀၁၄ လက်နက် ဥ ပ ဒေ ပုဒ်မ-၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၁၃၉/၂၀၁၄လက်နက် ဥ ပ ဒေပုဒ်မ ၁၉-(င)ဖြင့်လည်းကောင်း၊ (ပ) ၁၃၁/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥ ပ ဒေ ပုဒ်မ-၅(၁) ဖြင့်လည်း ကောင်း အမှုဖွင့် ထားကြောင်း သတင်းရရှိခဲ့ပါသည်။
လင်းခန့်
(Oct 20, 2014)
0 comments:
Post a Comment