Tuesday, October 21, 2014

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝယ်ယူထားသော ရှာဖွေကယ်ဆယ်ရေးတွင် အသုံးပြုမည့် အမြန်ရေယာဉ်များရေချ






ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြု ရန် ဝယ်ယူထားသော အမြန်ရေ ယာဉ်နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့အား ရေချပွဲအခမ်းအနား ကို အောက်တိုဘာ ၁၉ရက် နံနက် ၈နာရီက စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးအနီး ဆိပ်ခံတံတား၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်း တက်ရောက်ခဲ့ပြီး ရခိုင်ပြည် နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် သဘာဝဘေး အန္တရာယ် ကျရောက်စဉ်နှင့် ဘေး အန္တရာယ်ကျရောက်မှုတွင် ရှာဖွေ ကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်းလုပ် ငန်းများကို အချိန်တိုအတွင်း ထိ ရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရေယာဉ်များကို ဝယ်ယူ ခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေး ကိစ္စများအပြင် အခြားအထွေထွေ ကိစ္စရပ်များအတွက်ပါ ဆောင်ရွက် ရန်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးထင် ကျော်က အမြန်ရေယာဉ်နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့၏ သက်ဆိုင်သည့်အချက်အလက်များ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ယင်းနောက် LIght Of Time Managing Director က အမြန်ရေယာဉ်နှစ်စင်းနှင့်သက်ဆိုင် သည့် အထောက်အထား စာရွက် စာတမ်းများအားလည်းကောင်း၊ ရေ ကြောင်းပို့ဆောင်ရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးက ကင်း လှည့်ရေယာဉ်တစ်စင်းနှင့်သက်ဆိုင် သော စာရွက်စာတမ်းများအား လည်းကောင်း ပြည်နယ်ဝန်ကြီးချုပ် ထံ လွှဲပြောင်းပေးအပ်ကြပြီး ပြည် နယ်ဝန်ကြီးချုပ်မှ အမှတ်တရဂုဏ် ပြုသစ်သီးခြင်းများ ပြန်လည်ပေး အပ်ခဲ့သည်။

MNA
စစ်တွေ၊ အောက်တိုဘာ ၂ဝ
‎Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...