Tuesday, October 21, 2014

သနားစရာကောင်းလိုက်ပါဘိ တို့  တပ်မတော်



ယနေ့ တပ်မတော် သည် အခက် အခဲ များ ရင်ဆိုင် နေရ သည်။ လွှတ်တော် များ တွင် ရောက်ရှိ နေသော ၂၅ ရာခိုင်နှုန်း သော တပ်မတော် သား ကိုယ်စား လှယ် များ ကို လွှတ်တော် များ အတွင်းမှ မောင်းထုတ် သူ များနှင့် ရင်ဆိုင် နေရ သည်။ တပ်ရင်း တပ် ဖွဲ့ များမှ သိမ်းပိုက် ထားသော မြေများ ကို ပြန်ပေး ရန် တောင်းဆို သူများ နှင့် ရင်ဆိုင် နေရ သည်။ ကာကွယ်ရေး အသုံး စရိတ် များ နေသည် ဟု ဆိုကာ ဖြတ်တောက် နေသူ များနှင့် ရင်ဆိုင် နေရ သည်။ အစိုးရ ဌာန များ သို့ တပ်မတော် အရာရှိ များ ၀င်ရောက် တာဝန် ထမ်းဆောင် နေခြင်း ကို ကန့်ကွက် သူများ က ကန့်ကွက် နေကြ သည်။ ဆန့်ကျင် ကန့်ကွက် ခံနေ ရသော မြန်မာ့ တပ်မတော် သည် ဘယ်က ဘယ်လို ပေါ်ပေါက် လာပါ လိမ့်။


ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် သော ရဲဘော် သုံးကျိပ် သည် တပ်မတော် ကို စတင် ဖွဲ့စည်း ထူထောင် ခဲ့သည်။ တပ်မ တော် အင်အား ကြီးထွား လာမည် ကို မလို လား သဖြင့် ဂျပန် များ ကလည်း တပ်မတော် ကို ဖျက်သိမ်း ပြီး လူ အင်အား နည်းနည်း ဖြင့် ပြန်ဖွဲ့ ခဲ့ဖူး သည်။ အင်္ဂလိပ် များ ကလည်း တပ်မတော် ကို အင်အား ကြီး မလာ စေရန် ဖျက်သိမ်း ပြီး အင်အား လျှော့ကာ ပြန်လည် ဖွဲ့စည်း ခဲ့ဖူး သည်။ ဂျပန် နှင့် အင်္ဂလိပ် တို့က မည်သို့ပင် တပ်မတော် ကို အင်အား ချိနဲ့ အောင် လုပ်ခဲ့ ကြစေ ကာမူ မြန်မာ့ တပ်မ တော် သည် လွတ်လပ်ရေး ရပြီးစ မြန်မာ နိုင်ငံ ကို တစ်စစီ ဆုတ်ဖြဲ ရန် လုပ်ကြံ ခဲ့ကြ သည့် လက်နက် ကိုင် သောင်းကျန်း သူများ အား အနိုင် တိုက်ခဲ့ သည်။ အကယ် ၍ တပ်မတော် ရှုံး ခဲ့သော်။

တရုတ် ပြည်မ ကြီး တွင် စစ်ရှုံး ထွက်ပြေး လာသော တရုတ် ဖြူ ကေအမ်တီ များ သည် ရှမ်း ပြည်နယ် အရှေ့ ပိုင်း သို့ ထွက်ပြေး ၀င်လာ ကာ အခြေချ ခဲ့ သည်။ သူတို့ သည် ရှမ်း ပြည်သူ များ အထူး သဖြင့် ရှမ်း ပျိုဖြူ များကို အကြီး အ ကျယ် စော် ကား ဒုက္ခ ပေးခဲ့ သည်။ ဘိန်း စိုက်ပျိုး ခြင်း ဖြင့် ရှမ်း ပြည်နယ် နေ သူ များကို ဘိန်း စား များ ဖြစ်အောင် လုပ်ခဲ့ သည်။ အင်းစိန် တိုက်ပွဲ၊ ပြည် တိုက် ပွဲ၊ တောင်ငူ တိုက်ပွဲ၊ မိတီ်္ထလာ တိုက်ပွဲ၊ မန္တလေး တိုက်ပွဲ ကြီး များ နွှဲပြီးစ စစ် ပမ်း နေသော တပ်မတော် သည် ရှိသမျှ အင်အား ကို စုစည်းကာ တရုတ် ဖြူ အနှိပ် စက် ခံ ရှမ်း ပြည်နယ် နေ ပြည်သူ များ ကို ကယ်တင်ရန် ရှမ်း ပြည်နယ် သို့ အဟုန် ပြင်း စွာ ချီတက်ပြီး ဘုရင့်နောင် စစ်ဆင်ရေး ကြီး ကို ခက်ခက် ခဲခဲ အကျ အဆုံး များစွာ ဖြင့် ဆင်နွှဲ ခဲ့သည်။ စစ် အင်အားကြီး နိုင်ငံ တစ် နိုင်ငံ ၏ စစ်ရေး အကူ အညီ ကို ရယူ ထားသော တရုတ်ဖြူ ကေအမ်တီ များ သည် လက်နက် အင်အား၊ လူအင်အား နည်းလွန်း လှ သော မြန်မာ့ တပ်မတော် သားများ ၏ စွမ်းရည် သတိ္တ ကို ရင်မဆိုင် နိုင်တော့ ဘဲ မြန်မာ နိုင်ငံ နယ်နမိတ် အတွင်းမှ ထွက်ပြေး သွားကြ ရသည်။ အကယ်၍ မြန်မာ့ တပ်မတော် သည် ကေအမ်တီ များ ကို ရှုံးနိမ့် ခဲ့လျှင် ရှမ်း ပြည်နေ လူထု ၏ ဘ၀ သည် မည်သို့ သက်ဆင်း သွားမည် နည်း။

တစ်ခေတ် တစ်ချိန် က ဧရာဝတီ တိုင်း ဒေသကြီး သည် သောင်းကျန်း သူများ လွှမ်း မိုးမှု အောက်သို့ ရောက်ခဲ့ ဖူးသည်။ တစ်ရွာ နှင့် တစ်ရွာ၊ တစ်မြို့ မှ တစ်မြို့ သို့ အသက် ကို ဖက်နှင့် ထုပ် ဆိုသလို သွားလာ နေထိုင် ခဲ့ရ ဖူး သည်။ ဆက်ကြေး မျိုးစုံ သောင်းကျန်း သူများ ကို အငတ်ခံ ပေးခဲ့ ကြ ရသည်။ ပုသိမ် မြို့ ပင်လျှင် မကြာ ခဏ ခြိမ်းခြောက် ခံရဖူး သည်။ တပ်မတော် က ရွှေလင်းယုန်၊ မိုးဟိန်း စစ်ဆင်ရေး မျာ ဆင်နွှဲကာ ဧရာဝတီ တိုင်း မှ ပြည်သူ များ၏ ဘ၀ မကြောင့် မကျ တည်ငြိမ် အေးချမ်း အောင် ကယ်တင် ပေး ခဲ့ဖူး သည်။ အကယ်၍ တပ်မတော် သည် ရွှေလင်းယုန်၊ မိုးဟိန်း စစ်ဆင်ရေး များ တွင် အရေး နိမ့် ခဲ့ပါက ယနေ့ ဧရာဝတီ တိုင်း နေ ပြည်သူ များ၏ ဘ၀ မည်သို့ ဖြစ်နေ မည် နည်း။

အင်အား ကြီးမား သော လက်နက် ကိုင် အင်အားစု တစ်စု သည် ရှမ်း ပြည် နယ် မြောက်ပိုင်း ရှိ ကွန်းလုံ မြို့ကို သိမ်းပိုက် ပြီး ထိုမှ တဆင့် လားရှိုး မြို့ ကိုပါ သိမ်းပိုက် ကာ လွတ်မြောက် နယ်မြေ ထူထောင် ရန် ကြိုးပမ်း လာဖူး သည်။ လူ အင်အား၊ လက်နက် အင်အား အသာစီး ရထားသော လက်နက် ကိုင် သောင်း ကျန်း သူများ ကို တပ်မတော် သားများ သည် အသက်၊ သွေး၊ ချွေး၊ ကိုယ်လက် အင်္ဂါ အစိတ် အပိုင်း များကို စွန့် လွှတ်ကာ အစာ ရေစာ အပြတ် ခံကာ သောင်း ကျန်း သူများ ကို အနိုင် တိုက်ခြင်း ဖြင့် ရှမ်း ပြည်နယ် မြောက်ပိုင်း နေ တိုင်းရင်း သား ညီ အစ်ကို မောင်နှမ များ ကို ကယ်တင် ခဲ့ဖူး သည်။ (စာရေး ဆရာ ကြီး ဦး သိန်းဖေမြင့် သည် ““အရှေ့မြောက် ပိုင်း တစ်ခွင်”” အမည် ဖြင့် ၀တ္တု ဟန် ဆောင်း ပါး ရှည်ကြီး ကို ဗိုလ်တထောင် သတင်းစာ တွင် အခန်း ဆက် ရေး သား ကာ တပ်မတော် သားများ ကို ဂုဏ်ပြု ဖူး သည်) အကယ် ၍ သာ တပ်မ တော် သည် ရက် ၄၀ ကြာ ကွန်းလုံ တိုက် ပွဲကြီး တွင် ရှုံးနိမ့် ခဲ့ ပါက ရှမ်း ပြည်နယ် မြောက်ပိုင်း မှ ပြည်သူ များ၏ ဘ၀ မည်သို့ ရှိချေ မည်နည်း။

၁၉၈၈ ခုနှစ် ပတ်ဝန်းကျင် ၌ အမြို့ မြို့ အနယ်နယ် တွင် ဆန္ဒ ပြပွဲ များ ဆင်နွှဲ နေကြ သဖြင့် အစိုးရ အကြပ် ဆိုက် နေချိန် ကို အခွင့် ကောင်း ယူပြီး မိုင်းယန်း နှင့် မဲ သဝေါ ဘက်၌ သောင်းကျန်း သူများ က တိုက်ပွဲကြီး များ ဖန်တီး ခဲ့ကြ သည်။ တပ် မတော် သားများ သည် အပြေး အလွှား သွား ကာ သောင်းကျန်း သူ များ ကို ထိန်းချုပ် အနိုင် ယူ ခဲ့သည်။ အကယ် ၍ မိုင်းယန်း တိုက်ပွဲ နှင့် မဲသဝေါ တိုက်ပွဲ ၌ တပ်မတော် ရှုံးနိမ့် ခဲ့လျှင် ရှမ်း ပြည်နယ် နှင့် ကရင် ပြည်နယ် မှ ပြည်သူ တို့၏ ဘ၀ နွံနစ် ပေ တော့မည်။

တောင်ပေါ် မြေပြန့် နေရာ မရွေး သွားရောက် ကာ အသက်၊ သွေး၊ ချွေး၊ အင်္ဂါ အစိတ် အပိုင်း များကို စွန့်လွှတ် ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ ၏ အသက်၊ အရှက်၊ စည်းစိမ် ဥစ္စာ ကို ကယ် တင် ကာကွယ် စောင့်ရှောက် ပေး ခဲ့သော တပ်မတော် သားများ ကို လွှတ်တော် အတွင်း မှ မောင်းထုတ် သူများ က မောင်းထုတ် နေပြီ။ ကာကွယ်ရေး အသုံး စရိတ် ဖြတ်တောက် ခြင်း ဖြင့် တပ်မတော် သားတို့ ၏ စွမ်းရည် ကို ချိနဲ့ စေ သူများ လည်း ပေါ်ပေါက် လာနေ ချေပြီ။ တပ်ရင်း များက သိမ်းယူ ထားသော မြေကြီး များကို လည်း ပြန်တောင်း ကြ သူများ က တောင်းနေ ကြပြီ။

လွန် ခဲ့သော ဆယ်နှစ် လောက်က သက်ပြည့် အငြိမ်းစား ယူခဲ့သော တပ်ရင်းမှူး တစ်ဦး နှင့် မန္တလေး - ရန်ကုန် အမြန် ရထား ပေါ်၌ ဆုံခဲ့ ဖူး သည်။ သူက ““တပ်ရင်း တွေ က မြေသိမ်း တယ် ဆိုတာ ကလဲ ရည် ရွယ်ချက် ရှိပါတယ်။ ကာကွယ်ရေး အသုံး စရိတ် ဖြတ်တာ ကို တပ်မတော် က ဘယ်လိုမှ မတတ် နိုင်တော့ တပ်မတော် သားတွေ ဟာ တပ်ရင်း ဧရိယာ တွေ ထဲမှာပဲ စိုက်ပျိုး မွေး မြူရေး တွေ လုပ်ကြ မယ်။ တစ်နိုင် တစ်ပိုင် ကုန်ထုတ် လုပ်ငန်း လေးတွေ လုပ်ကြ မယ်။ ဒီနည်း နဲ့ ၀င်ငွေ ရှာကြ မယ် ပေါ့ဗျာ။ တပ် ရင်း တစ်ရင်းမှာ လေ့ကျင့်ရေး ကွင်း၊ တပ် တွင်း ဆေးရုံ၊ အားကစား ကွင်း၊ ဒါတွေ လဲ လုပ်ရ မှာ ပေါ့။ အခု တော့ တပ်တွေ ထံက လယ်မြေ တွေ ကို ပြန်တောင်း ကြတော့ လဲ ပြန်ပေး ကြ ရမှာ ပေါ့။ အင်း ... ကာကွယ်ရေး အသုံး စရိတ် လဲ အဖြတ် ခံရ၊ မြေကြီး တွေလဲ ပြန်ပေးရ ဆိုတော့ တပ်မတော် သားတွေ ဟာ ရှေ့လျှောက် ဆင်းဆင်း ရဲရဲ နဲ့ တိုင်းပြည် ကို ကာကွယ် ရတော့ မှာ ပေါ့လေ”” ဟု ပြောသည်။

ပြည်သူ ဗဟိုပြု လုပ်နည်း လုပ်ဟန် ကို အစိုးရ က လက်တွေ့ ကျင့်သုံး နေရာ တပ် မတော် သည်လည်း ပြည်သူ တို့၏ ဆန္ဒ အတိုင်း သာ စခန်း သွားရ တော့ မည် ဖြစ် သည်။ ပြည်သူ့ ဗဟို ပြု လုပ်နည်း လုပ်ဟန် သည် အထူး ကောင်း မွန် သော လုပ်နည်း လုပ်ဟန် ဖြစ်သည် ကို လူတိုင်း က လက်ခံ ကြရမည် သာ ဖြစ်သည်။ အဆုံး အဖြတ် ပေးကြ မည့် ပြည်သူ တစ်ဦး ချင်းစီ ၏ အတွေး အခေါ် အယူ အဆ သည်သာ မှန်ကန် ရန် လိုအပ်သည်။ အတွေး အခေါ် အယူ အဆ မှန်ကန် ရန် ပညာရည် ဗဟုသုတ ပြည့်ဝရန် လိုသည်။ တပ်မတော် သည် ပြည်သူ တို့၏ ဆန္ဒ အတိုင်း သာ နေထိုင် သွားရမည် သာ ဖြစ်သည်။ တိုင်းပြည် နှင့် လူမျိုး ကိုကာ ကွယ် စောင့်ရှောက် ရန် အင်အား တောင့် တင်းသော တပ်မတော် ဖြစ်လာ ဖို့၊ ဖြစ် မလာ ဖို့ ဆိုသည် ကို ပြည်သူ တို့၏ ဆန္ဒ ကသာ ဆုံးဖြတ် ပေတော့ မည်။

မိုးအောင်ရီ



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...