Tuesday, October 21, 2014

မြေနီကုန်းကညီလေးတွေ အတွက် ၂၁ ရာစု ဦးဖိုးကျားပုံပြင်


ကျွန်တော် ပုံပြင်လေး ၁ ပုဒ်ပြောပြမယ်

တခါသောအချိန်ကာလကပေါ့ ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ၊ ရခင်လုနီးပါး အချိန်ကာလအတွင်းမှာ  အိမ်ထောင်စု (၂ )ခု အိမ်နီးချင်းတွေ ဖြစ်နေကြသတဲ့ ။

တစ်ဖက်အိမ်ထောင်စုကတော့ ဆရာ/မ အသိုင်အ၀ိုင်းကဖြစ်ပြီးတော့ ၊ တစ် ခြားသော အိမ်ထောင်စုကတော့ ဂုဏ်ရှိန်မြင့်တဲ့ မိသားစုပေါ့ ။

တစ်နေ့မှာ ဂုဏ်ရှိန်မြင့်တဲ့ မိသားစုမှာ ပြဿသာနာလေး အနည်းငယ်ဖြစ်တယ် ။
ဘာဖြစ်တာလဲဆိုတော့ ၊ ဖန်ခွက်လေး ၁ လုံးကျကွဲတာလေး ဖြစ်တာပါ ။
ဒီဖန်ခွက် ကျကွဲတာကိုအထွေးဆုံး မီးငယ်လေးက .....
" ဒီဖန်ခွက် သမီးကြောင့် ကျကွဲတာမဟုတ်ဘူး ၊ အကိုကြီး စားပွဲပေါ်ကို သေချာမတင်ပဲ ၊ စားပွဲစောင်းနားမှာ ထားလို့ကျကွဲတာ " လို့ ဆိုတယ် ။
ဒါကို အကိုကြီး ဖြစ်တဲ့သူက .....
" ငါ့ ကြောင့်မဟုတ်ဘူး ၊ အမေက င့ါကို ခိုင်းလို့ အမေ့ကြောင့် ၊ ငါကို ထားခိုင်းပြီး အိမ်ရှေ့က စာအုပ်သွားယူခိုင်းလို့ ဖြစ်တာ "
သူတို့ပြောနေတာကို သူ့တို့ အမေကြားတော့ .....
" ဟဲ့ ကလေးတွေ .....
ငါ့ကြောင့်လို့ပဲပြောမနေနဲ့ နင်တို့အဖေကြောင့်လည်းပါတယ် ။ င့ါမှာ တစ် နေ့ တစ် နေ့ အိမ်အလုပ်နဲ့ ရှုပ်နေတာ ၊ ပြီးတော့ နင်တို့ အဖေကို ငါ ၀ယ်ခိုင်းလိုက်တာ ဖန်ခွက် မဟုတ်ဘူး ၊ သစ်သားခွက်လေး "
နောက်ဆုံး အဖေကြီးက မနေနိုင်တော့ ၀င်ပြောတာပေါ့ ....
" ဟ ... ငါ ဆိုင်ကို သွားတော့ ဆိုင်မှာ မင်းမှာတဲ့ အတိုင်းပဲ ငါ သွားဝယ်တာ ၊ ဆိုင်မှာ မရှိဘူး ၊ ဖန်ခွက်က ပိုကောင်းတယ် ဆိုလို့ ငါက ၀ယ်လာတာ ၊ ငါ အပြစ်တင်မဟုတ်ဘူး ၊ ဆိုင်ရှင်ပါ အပြစ်ရှိတယ် ။ ပြီးတော့ ဘိလပ်က ထုတ်တဲ့လူတွေပါ အပြစ်ရှိတာကွ ၊ င့ါကိုကြီး ပုံမချနဲ့ " တဲ့လေ ....
ဒီလိုနဲ့ မပြီးပြတ်နိုင်တဲ့ ပြဿသာနာကြီး ဖြစ်နေတာပေါ့ ။

သူတို့ ပြသာနာ ဖြစ်နေချိန်မှာ တစ် ဖက်အိမ်မှာလည်း ဒီလိုပဲ ဖန်ခွက် ကျကွဲခဲ့တယ်။
ကျကွဲသွားတဲ့ ဖန်ခွက်တွေကို အငယ်ဆုံး သမီးလေးက ၁ စချင်းစီ လိုက်ကောက်ရင်း
တောင်းပန်လေသတဲ့ ....
" သမီးကြောင့် ဖန်ခွက်ကျကွဲသွားတာ ၊ တောင်းပန်ပါတယ် အကိုကြီးရယ် ၊
သမီးလက်မမြဲလို့ဖြစ်တာပါ " တဲ့ ...

ဒီတော့ အကိုကြီးကလဲ ....
" ညီမလေးရယ် မင်း ကြောင့် မဟုတ်ပါဘူး ၊ အကိုက စားပွဲစွန်းနားမှာတင်ခဲ့လို့ အကို့အပြစ်ပါ "ဆိုပြီး ၀င်ကောက်ပေးတာပေါ့ ။

သူ့တို့ အမေမြင်တော့ .....
" သြော် ..
သားတို့ သမီးတို့ အပြစ်မဟုတ်ပါဘူး ၊ အမေ့အပြစ်ပါ ။ သားတို့  သမီးတို့ အဖေကို အမေက ခွက်ဝယ်ခိုင်းလိုက်တာ ၊ အမေကိုယ်တိုင်သွားဝယ်ရမှာ " ဆိုပြီး ကလေးတွေကို ဖယ်ခိုင်ပြီး သူမ
ကိုယ်တိုင် အမှိုက်တွေ ရှင်းတော့တာပဲ ။

ဒီအချိန်မှာ သူတို့ရဲ့ အဖေက
" မိန်းမရယ် မင်းကြောင့်မဟုတ်ပါဘူး ။
င့ါကြောင့်ပါ ငါက သေချာ မ၀ယ်ခဲ့လို့ပါဆိုပြီး "
မိန်းမကောက်ထားတဲ့ ဖန်ကွဲစတွေကို ယူပြီး စနစ်တကျ လွှင့်ပစ်တာပေါ့ .... ။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ .....
တာဝန်ယူတက်တဲ့ စိတ်ဓါတ်ရှိတဲ့ ပညာတက် အသိုင်းအ၀ိုင်းရဲ့ စရိုက်ပုံစံနဲ့ ၊
တာဝန်ယူမှုမရှိတဲ့ စိတ်ဓါတ်ညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်အသိုင်အ၀ိုင်း ကွာခြားပုံပေါ့ဗျာ ။
တာဝန်ယူစိတ်နဲ့ ဖြစ်တဲ့ ပြဿသာနာ တိုင်းဟာ စည်းလုံးညီညွတ်မှုနဲ့ဖြေရှင်းရင် အရာခပ်သိမ်း ငြိမ်းအေးစေသတဲ့ ။


မြေနီကုန်းက ညီလေးတို့  ဒီပုံပြင်လေးနားထောင်မိရင်  မှန်ကန်သောလုပ်ရပ်တွေ ၊ ပညာရှိဆန်တဲ့
လုပ်ဆောင်မူတွေကို ရွှေးချယ်နိုင်ပါစေလို့ မျှော်လင့်ပါတယ် ။

စေတနာများစွာဖြင့်၂၁ ရာစု ဦးဖိုးကျား
ME™

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...