
မင်္ဂလာ ရှိလှတဲ့အရှုံး
ပွဲမစခင် ကထဲက ကွင်းလုံးပြည့် ပရိသတ်တွေရဲ့ ''မြန်မာဟေ့'' ဆိုတဲ့ ကြွေးကြော်သံတွေက ဘဝဂ်ညံနေတယ်။ ပွဲစချိန်ကစပြီး နောက်ဆုံးမိနစ် ပွဲပြီးဆုံးချိန်အထိ ကစားသမားတွေ ဘက်က တာဝန်ကျေခဲ့ကြသလို ပရိသတ်တွေကလဲ ဒီတစ်ခါဖြင့် တာဝန်ကျေစွာ အားပေးနိုင် ခဲ့ကြပြီ။ စိတ်မထိန်းနိုင် သူ အချို့ ပစ္စည်းတွေနှင့် ပစ်ပေါက်ဖို့ ကြိုးစားခဲ့ပေမယ့် ပရိသတ် အချင်းချင်း မေတ္တာရပ်ခံ ဟန့်တားခဲ့ကြပုံတွေက တစ်ကယ့်ကို ပီတိဖြစ်စရာပါ။
နိုင် ငံတော် သီချင်းကို ဂုဏ်ယူစွာ သံပြိုင် သီဆိုခဲ့ကြသလို ပွဲစပွဲဆုံး ၁၂ ယောက်မြောက် ကစားသမား ပီသစွာ အားပေးနိုင် ခဲ့ကြတယ်။ ကိုယ့်ထက်အဆများစွာ သာတဲ့ အသင်းကို အားကုန်ထုတ် ပေးဆပ်ကစားခဲ့ကြတဲ့ ကစားသမားတွေ အတွက် ပရိသတ်တွေရဲ့ လက်ခုပ်သံတွေနှင့် ကြွေးကြော်သံတွေက အ ထောက်အကူ ဖြစ်စေလှပါတယ်။
ပွဲပြီးဆုံးတဲ့ အချိန်မှာ လုံခြုံရေးတွေ အများအပြား ကွင်းထဲ ဝင် လာခဲ့ပါတယ်။ ပွဲများဆူလေမလားပေါ့။ သို့ပေမယ့် ပွဲပြီးဆုံးလို့ မြန်မာအသင်း ရှုံးခဲ့ရ ပေမယ့် ပရိသတ်တွေက တော့ ''မြန်မာဟေ့ မြန်မာဟေ့'' ဆိုတဲ့ တခဲနက် ဂုဏ်ပြုကြွေးကြော် သံတွေနှင့်အတူ ကွင်းလုံးပြည့် လက်ခုပ်သံတွေနှင့် ပွဲကို အဆုံးသတ်စေခဲ့ပါတယ်။ အမျိုးသမီးကြီး အချို့ ရဲ့ ''သားတို့… ရှုံးလဲ ဘာမှမဖြစ်ဘူး| သားတို့ တာဝန်ကျေပြီးပြီ'' လို့ အော်ဟစ် ပြောဆိုနေသံတွေက ကြားရသူတွေအဖို့ ဝမ်းသာမျက် ရည်| ကြည်နူး မျက် ရည် တို့ စို့စေခဲ့ပါတယ်။
ကွင်းထဲက ပြန်ထွက်လာတဲ့ ပရိသတ်တွေရဲ့ ''မြန်မာဟေ့ မြန်မာဟေ့'' ဆိုတဲ့ ကြွေးကြော်သံတွေက အရှုံးရလဒ်ကိုတောင် မေ့ပျောက်စေခဲ့ပါတယ်။ ယာဉ်ထိန်းရဲတွေက အစ ကားစပါယ်ယာ| ဒရိုင် ဗာ အဆုံး အားလုံးက ပြုံးပြုံးရွှင် ရွှင် နှင့် မြန်မာအသင်းရဲ့ အောင်မြင် မှုကို ကျေနပ်ပီတိ ဖြစ်နေကြတယ်။ အပြန်လမ်းတစ်လျှောက်မှာလဲ ကားတွေက သီချင်းတွေကိုဖွင့်| ပရိသတ်တွေက ကြည်နူးတက်ကြွစွာ လိုက်ဆိုနေကြတာဟာ မြင် ရခဲလှတဲ့ မြင် ကွင်း တစ်ခုလို့ ဆိုရမှာပါ။
တစ်ကယ်တော့ ကျွန်တော်တို့ မြန်မာတွေဟာ မရိုင်းကြပါဘူး။ ရှုံးတိုင်းလဲ မရမ်းတတ်ကြပါဘူး။ ရှေ့ လူကသာ တစ်ကယ်ထိုက်ထိုက်တန်တန် ကြိုးစားပြရင် နောက်က ပရိသတ်တွေဆိုတာ နှစ်ထောင်းအားရ အားပေးလိုက်ပါကြမယ့် သူတွေရယ်ပါ။
မိနစ် ၁၂၀ အတွင်းက ဘောလုံးပွဲ တစ်ပွဲက တော့ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်း| ခြေစွမ်းပိုင်းနှင့် ကြိုးစားအားထုတ်မှုပိုင်းမှာ မရှုံးခဲ့ပါဘူး။ ပရိသတ်တွေရဲ့ စိတ်ဓါတ်ပိုင်းလဲ မရှုံးခဲ့သလို ကျွန်တော်တို့ မြန်မာပြည်သူတွေ ဒီတစ်ကြိမ်မှာတော့ မရှုံးခဲ့ပါဘူး။ ပွဲရလဒ်က ရှုံးခဲ့ပေမယ့် ဒီတစ်ခါ အရှုံးက တော့ဖြင့် တစ်ကယ့်ကို မင်္ဂလာ ရှိလှတဲ့ အရှုံးသာ ဖြစ်ခဲ့ရပါတယ်။
Congratulations to all !!!
Myanmar Arsenal Fans Page
Admin *koPhyo*
0 comments:
Post a Comment