Wednesday, October 22, 2014

ယူ-၁၉ ကစားသမားများအား ဆူဇူကီးဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းသို့ ခေါ်ယူမည်






၂၀၁၄ ခုနှစ် နိုဝင်ဘာ လတွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ဆူဇူ ကီးဖလားပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြ ချုပ်အေဗရာမိုဗစ်ခ်ျက ပြောသည်။ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမှတစ်ဆင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး လာအိုနိုင်ငံတွင် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ရကာ အုပ်စု ပထမနေရာကို ရရှိခဲ့သည်။ ၎င်း ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ထိုင်း၊ မလေးရှားနှင့် အိမ်ရှင် စင် ကာပူအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိသည်။

‘‘အသင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ရှိပါတယ်။ လက် ရွေးစင်အသင်းအောင်မြင်မှုရရှိဖို့ အတွက် အသင်းမှာ လိုအပ်နေတဲ့ ကစားသမားတွေကို ယူ-၁၉ အ သင်းကနေ ခေါ်ယူသွားမယ်။ အဓိက ခေါ်ယူချင်တာကတော့ ကွင်းလယ်ကစားသမားတွေပါ’’ ဟု ၎င်းက ပြောသည်။

ယူ-၁၉ လက်ရွေးစင်အ သင်းမှ ကစားသမားများ၏ ခြေ စွမ်းကို ပြန်လည်ကြည့်ရှုကာ လက်ရွေးစင်အသင်းအတွက် ခေါ်ယူ အားဖြည့်သွားမည်ဖြစ်ကြောင်း အနည်းဆုံး ငါးဦးခန့်ခေါ်ယူသွား မည်ဖြစ်ကြောင်း ဆူဇူကီးဖလား ပြိုင်ပွဲတွင် အုပ်စုကျပ်ထဲ ကျ ရောက်နေသော်လည်း ပြိုင်ဘက် အသင်းများကို ကြောက်ရွံ့နေ မည်မဟုတ်ဘဲ အကောင်းဆုံးယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း လိုအပ် သည့် ပြင်ဆင်မှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံက အိမ် ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ရလဒ် ကောင်းရရှိရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အုပ်စုအဆင့်မှ ကျော်ဖြတ်ရန်အတွက် မျှော်မှန်းထား သော်လည်း ယခုအနေအထား တွင် ပြိုင်ပွဲနှင့် ပတ်သက်ပြီး မည် မျှအောင်မြင်မှုရရှိမည်ကို ပြောရန်စောလွန်းသေးကြောင်း ပြိုင်ပွဲ ရောက်မှသာ ပြိုင်ဘက်အသင်း များ၏ ခြေစွမ်းကို လေ့လာပြီး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်း ကသည်။

ထို့ပြင် ယူ-၁၉ လက်ရွေးစင်အသင်းအောင်မြင်မှုရရှိခြင်းမှာ လက်ရွေးစင်အသင်းအတွက် များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း ယူ-၁၉ အသင်း ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့ခြင်းမှာလည်း လက်ရွေး စင်အသင်းကြီးအတွက် အား တက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်

Wednesday, October 22, 2014
မြဝတီ







0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...