Saturday, October 18, 2014

Miss International ပြိုင်ပွဲမှာ ပုဂံ၊ မန္တလေးအကြောင်းပြောပြမယ့် မေဘရဏီသော်

 
ဓာတ်ပုံ−ဇွဲဉာဏ်

ဂျပန်နိုင်ငံတွင်ပြုလုပ် မည့် Miss International 2014 အလှမယ်ပြိုင်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် အောက်တိုဘာ ၂၅ ရက်တွင် သွားရောက်မည်ဖြစ် ကြောင်း မေဘရဏီသော်ကပြော သည်။

‘‘အောက်တိုဘာ ၂၅ ရက် မှာ ဂျပန်ကိုသွားပါမယ်။ အောက် တိုဘာ ၂၇ရက်ကစပြီး Camp ဝင်ရမှာပါ။ နောက်ဆုံးပြိုင်ပွဲက နိုဝင် ဘာ ၁၁ ရက်မှာပါ’’ဟု ၎င်းကပြောသည်။

ထို့ပြင် Miss International Beauty Pagement 2014 ပြိုင် ပွဲ၏ တရားဝင် Voting ကိုလည်း အောက်တိုဘာ ၂၇ ရက်မှသာ စတင်ကောက်ခံမည်ဖြစ်သော ကြောင့် ပရိသတ်များအနေဖြင့် အားပေးစေလိုကြောင်း ၎င်းက ပြောသည်။

‘‘အရင်ကတည်းကရော၊ အခုရော အားပေးနေတဲ့ပရိသတ် ကိုကျေးဇူးတင်ပါတယ်။ ညီမပြိုင် ပွဲဝင်နေတဲ့ အချိန်မှာလည်း ဒီထက်မက အားပေးစေချင်ပါ တယ်’’ဟု မေဘရဏီသော်က ပြောသည်။

ပြိုင်ပွဲအတွက်ပြင်ဆင်မှု အနေဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေး မှုနှင့် လှပသည့်နေရာဒေသများ ရှိသည့်အကြောင်း အသေးစိတ် ပြောပြနိုင်ရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံတွင် ပြည်ပခရီးသွား များစိတ်ဝင်စားသည့် ပုဂံ၊ မန္တလေးနှင့် ယူနက်စကိုအသိ အမှတ်ပြုဒေသများအကြောင်း ပြောနိုင်ရန် ပြင်ဆင်ထားကြောင်း ၎င်းကဆိုသည်။

‘‘Talent ကို ရှမ်းအကနဲ့ ကပြဖို့ စီစဉ်ထားပါတယ်။ National Coustme ကိုတော့ ဒီဇိုင်နာကိုမျိုးမင်းစိုးက တာဝန်ယူ ထားပါတယ်’’ဟု မေဘရဏီသော်ကပြောသည်။
 

 မေဘရဏီသော်သည် မြန် မာနိုင်ငံတွင်ပြုလုပ်သည့် Miss Myanmar International 2014 ပြိုင်ပွဲ၌ 1st Runner Up ဆုရရှိ ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံတွင် မြန် မာကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် ပွဲကျင်းပ သည့် Myanmar Tourism Federation က အောက်တိုဘာ ၁၆ ရက်၌ တရားဝင်မိတ်ဆက် ခဲ့သည်။

ပြည်မြန်မာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...