၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ကရင်ပြည်နယ်၊ အမှတ်(၃၂) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြ၀တီ)မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မြ၀တီမြို့၊ ရပ်ကွက်(၂)နေ ဦးခင်ဦး(ခ)ဒါဝတ်ဘိုင်(၅၀)နှစ်၏နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ တစ်ရပ်ကွက် တည်းနေ အောင်ဖြိုးဦး(၂၄)နှစ်တို့အား တွေ့ရှိရပြီး ဦးခင်ဦး(ခ)ဒါဝတ်ဘိုင် လွှင့်ပစ်လိုက်သော ပုလင်းအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ ပြား၊ တန်ဘိုးငွေကျပ်(၄.၅)သိန်း သိမ်းဆည်းရမိခဲ့သောကြောင့် ခင်ဦး (ခ)ဒါဝတ် ဘိုင်နှင့် အောင်ဖြိုးဦး တို့အား မြ၀တီမြို့မရဲစခန်း မယ(ပ)၄၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
Tuesday, August 5, 2014
ဝင်ရောက်ရှာဖွေစဉ် လွှင့်ပစ်လိုက်သည့် ပုလင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ သြဂုတ် ၎

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment